Connect with us

Videos

ပိုးလမ်းမကြီး၏ခမ်းနားကြီးကျယ်မှုတို့ကိုထင်ဟပ်ပြသနိုင်သည့်တရုတ်နိုင်ငံအလယ်ပိုင်းရှိ ရွှေရောင်တံတားကြီး

ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၊ပေကျင်းမြို့လည်တွင် တရုတ်အမျိုးသားနေ့အားလပ်ရက်များအတွင်း ပိုးလမ်းမကြီး၏ရွှေရောင်တံတားကြီး ဟုအမည်တွင်သော ပန်းပုရုပ်တုကြီးကိုပြသခဲ့သည်။

၂၈ မီတာရှည်သည့်အဆိုပါ တံတားကြီးကို တရုတ်နိုင်ငံ၏အထင်ကရ မဟာတံတိုင်းကြီးတွင် အသုံးပြုခဲ့သည့်အုတ်ချပ်များ၏အရွယ်အစားများအတိုင်း ရွှေရောင်အုတ်ချပ်ပေါင်း၂၀၀၀၀ တို့ကိုအသုံးပြုပြီးတည်ဆောက်ထားသည်။

တရုတ်လူမျိုးဗိသုကာပညာရှင် ရှုရောင်ဖန်တီးခဲ့သည့် တရုတ်နိုင်ငံအနောက်ပိုင်း၌ နှစ်ပေါင်း၁၄၀၀ သက်တမ်းရှိပြီးယနေ့ထက်တိုင်အသုံးပြုဆဲဖြစ်သောzhaozhou တံတားပုံစံကို အခြေခံပြီး ရွှေရောင်တံတားကြီးကိုဖန်တီးထားခြင်းဖြစ်သည်။

ပြုပြင်ဖန်တီးထားသည့်ပယင်းများကိုအသုံးပြုထားသောကြောင့် ရွှေအုတ်ချပ်များကိုထွင်းဖောက်ပြီးအတွင်းကိုမြင်နိုင်သည်။ထို့အပြင် ပိုးလမ်းမကြီးတစ်လျှောက်ရှိနိုင်ငံအသီးသီး၏ အမျိုးသားရေးအမှတ်တရပန်းများစွာကိုပါတံတားတွင်ထည့်သွင်းပြသထားသည်။

ထိုပန်းများမှာပန်းအစစ်များမဟုတ်ကြဘဲပိုးသားဖြင့်ပန်းပွင့်များဖန်တီးထားခြင်းဖြစ်သည်။ ပိုးလမ်းမကြီး၏ရွှေရောင်တံတားကြီး ဆိုသည့်စာသားသည် ရှေးဟောင်းပိုးလမ်းမကြီးနှင့် တရုတ်နိုင်ငံ၏ ၂၁ရာစု ပိုးလမ်းမကြီးဆိုင်ရာ ရေကြောင်း စီးပွားရေးဆောင်ရွက်ချက်များမှဆင်းသက်လာခဲ့သည်။

ပိုးလမ်းမကြီးသည် ရှေးခေတ် တရုတ်နိုင်ငံ၏ကြွယ်ဝမှုနှင့် အမျှော်အမြင်ရှိမှုတို့အပေါ် ထင်ဟပ်သည်။ အရှေ့ပိုင်းဒေသနှင့်အနောက်ပိုင်းဒေသတို့ကိုဆက်သွယ်ထားသောကြောင့် အရှေ့နှင့်အနောက် ဆက်သွယ်ရေးပိုမိုကောင်းမွန်စေမည့် အမှတ်လက္ခဏာလည်းဖြစ်သည်။

အဆိုပါရွှေတံတားကြီးကို အီတလီနိုင်ငံ မီလန်တွင်မနှစ်ကကျင်းပခဲ့သည့် မီလန်ပြပွဲ၌ လာရောက်ပြသရန်ရွေးချယ်ခြင်းခံခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.