Connect with us

Videos

မြန်မာ စပါးကြီးမြွေ အောင်လ အန်ဆိုင်း ပြိုင်ဘက် ပိုလန်နိုင်ငံသားအား အကြိတ်အနယ် ယှဉ်ပြိုင် အနိုင်ရရှိ

ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

ဘက်စုံ ကိုယ်ခံပညာသုံး MMA ပြိုင်ပွဲဖြစ်သည့် ONE:STATE OF WARRIORS ပြိုင်ပွဲတွင် ပြည်တွင်း အဓိက ပွဲစဉ်အဖြစ် မြန်မာစပါးကြီးမြွေဟု လူသိများသည့် အောင်လအန်ဆိုင်းသည် ပြိုင်ဘက် ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက်အား ပွဲချိန်ပြည့် ၃ ကြိမ် ယှဉ်ပြိုင်ထိုးသတ်ပြီး အနိုင်ရရှိခဲ့သည်။

အောင်လအန်ဆိုင်းနှင့် ပြိုင်ဘက် မိုက်ကယ် ပက်စတားနက်သည် နောက်ဆုံး ၃ ချီမြောက် အထိ အကြိတ်အနယ် ယှဉ်ပြိုင် ထိုးသတ်ခဲ့ရပြီး အကဲဖြတ် အမှတ်ပေးဒိုင် ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့သည်။

ONE Championship အဖွဲ့ကဦးစီး၍ ရန်ကုန်မြို့၌ ကျင်းပသည့် ONE:STATE OF WARRIORS ပြိုင်ပွဲအား အောက်တိုဘာ ၇ ရက်တွင် သုဝဏ္ဏ အားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အလယ်တန်း ဝိတ်တန်းတွင် အောင်လ အန်ဆိုင်း နှင့် မိုက်ကယ် ပက်စတားနက်တို့၏ တွဲဆိုင်း ၊ ကမ္ဘာ့အငယ် ဝိတ်တန်း ချန်ပီယံ ပွဲစဉ် အဖြစ် ဂျပန်နိုင်ငံမှ လက်ရှိ ချန်ပီယံ ချီဘာမြို့သား ယိုရှီတာကာ နာအီတို နှင့် ဖိလစ်ပိုင် နိုင်ငံ ဘာဂီယိုမြို့သား ဂျိုုရူးဝါးပတ်ကီအိုတို့၏ တွဲဆိုင်း အပါအဝင် ပြည်တွင်း ၊ ပြည်ပ တွဲဆိုင်း ၈ ဆိုင်း ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသည်။

ယခု ကျင်းပပြုလုပ်သည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ သည် မြန်မာနိုင်ငံ၌ တတိယ အကြိမ်မြောက် ပြုလုပ်သော ပွဲစဉ် တစ်ခု ဖြစ်ပြီး ပထမအကြိမ် MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲအား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ပြုလုပ်ခဲ့ပြီး ဒုတိယ အကြိမ် ပွဲစဉ်အား ယခု ၂၀၁၆ ခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.