Connect with us

Videos

ပေကျင်း ၂ဝ၂၂ ဆောင်းရာသီအိုလံပစ် နှင့် မသန်စွမ်းအားကစားပြိုင်ပွဲ လာဘ်ကောင်ရုပ်လေးများထွက်ပေါ်

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ပင်းသွန်းသွန်း Bing Dwen Dwen ဟု အမည်ရသည့် ပန်ဒါရုပ်လေးနှင့် ရွှယ်ရုန်းရုန် Shuey Rhon Rhon ဟု အမည်ရသည့် မီးအိမ်အရုပ်လေးတို့ကို ပေကျင်း ၂ဝ၂၂ ဆောင်းရာသီအိုလံပစ် နှင့် မသန်စွမ်းအားကစားပြိုင်ပွဲ လာဘ်ကောင်ရုပ်လေးများအဖြစ် စက်တင်ဘာ ၁၇ ရက် တွင် ပေကျင်းရှိ Shougang ရေခဲ ဟော်ကီကစားကွင်း ၌ သတ်မှတ်ခဲ့ကြောင်းသိရသည်။ပန်ဒါရုပ်လေး ပင်းသွန်းသွန်း သည် ရေခဲဝတ်စုံကိုဝတ်ဆင်ထားသည့် သဏ္ဍာန်ဖြစ်သည်။ ပန်ဒါလေးတွင် ပါရှိသည့် ရောင်စုံ အလင်းရောင်လိုင်းများက 5G နည်းပညာ၏ နက်နဲမှုကို သရုပ်ဖော်ထားသည်။ ပန်ဒါလေး ပင်းသွန်းသွန်း ကို အနာဂတ် ဆောင်းရာသီ အားကစား ကျွမ်းကျင်သူ တစ်ယောက်အဖြစ် ပုံဖော်ထားပြီး ဆောင်းရာသီအားကစားနှင့် ခေတ်မီနည်းပညာတို့ကို ပြည့်စုံစွာပေါင်းစပ် ဖော်ဆောင်ထားသည့် သဏ္ဍာန်ယူကာ ဖန်တီးခြင်းဖြစ်သည်။မီးအိမ်အရုပ်လေး ရွှယ်ရုန်းရုန် မှာမူ ၂ဝ၂၂ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲများမကျင်းပမီ ၃ ရက်အလိုတွင် ကျရောက်မည့် တရုတ်ရိုးရာ မီးအိမ်နီနေ့ကို အစွဲပြုကာ ဖန်တီးထားခြင်းဖြစ်သည်။ ရွှယ်ရုန်းရုန် တွင် တပ်ဆင်ထားသည့် အပြင်အဆင်မှာ ပေကျင်းမြို့တွင် တွင်ကျယ်စွာအသုံးပြုသည့် စက္ကူ ခိုရုပ်လေးနှစ်ကောင်၏ ပုံစံကို ဖန်တီးထားပြီး ပါးနီသဏ္ဍာန်အမှတ်အသားမှာ လာမည့်နှစ်တွင် ကောက်ပဲသီးနှံစိုက်ပျိုးအောင်မြင်ပါစေကြောင်းနှင့် အနီရောင် အမှတ်အသားမှာ ကြွယ်ဝ ပြည့်စုံပါစေကြောင်းရည်ညွှန်းဖော်ပြထားခြင်းဖြစ်သည်။ အိုလံပစ် လာဘ်ကောင်သမိုင်းတွင် အတောက်ပဆုံး လာဘ်ကောင်းဖြစ်သည့် ရွှယ်ရုန်းရုန် သည် ထွန်းလင်းတောက်ပစေသည့် နမိတ်ကိုလည်းဆောင်ပြီး ခင်မင်ရင်းနှီးမှု၊ ရဲရင့်တက်ကြွမှုနှင့် လုံ့လရှိမှု တို့ကို ကိုယ်စားပြုသည့် အသွင်ဖြစ်သည်။ ထို့အပြင် ၎င်းမှာ မသန်စွမ်းအားကစားသမားတို့၏ မလျှော့သော ဇွဲလုံ့လနှင့် ပြင်းပြသည့် စိတ်ဆန္ဒတို့ကိုလည်း ရည်ညွှန်းဖော်ဆောင်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.