Connect with us

Videos

၇၄ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

၇၄ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ ကို အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးတွင် စက်တင်ဘာ ၁၇ ရက်က စတင်ကျင်းပခဲ့ကြောင်းသိရသည်။

ညီလာခံတွင် ၇၄ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Tijjani Muhammad-Bande က ၂ဝ၁၉- ၂ဝ၂ဝ ခုနှစ်ဆိုင်ရာ ကုလသမဂ္ဂ ၏ အဓိက အရေးပါသည့် လုပ်ငန်းဆိုင်ရာအစီအစဉ်များကို ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းက ယခုနှစ်ညီလာခံတွင် ယေဘုယျအကြောင်းအရာများဖြစ်သည့် ဆင်းရဲနွမ်းပါးမှုပပျောက်ရန်၊ အရည်အသွေးမီသည့် ပညာရေးရရှိရန်၊ရာသီဥတုပြောင်းလဲမှုကို အတူပူးပေါင်းကိုင်တွယ်ဖြေရှင်းရန်၊ ဘက်ပေါင်းစုံမှ ထိထိရောက်ရောက်ကြိုးပမ်းဆောင်ရွက်နိုင်မည့်အရေး ကိုအဓိကထားဆွေးနွေးသွားကြမည်ဖြစ်ကြောင်းသိရသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကလည်း ကုလသမဂ္ဂသည် လူသားအားလုံးနှင့်သက်ဆိုင်ပြီး ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးမူဝါဒ က ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် အဓိကကျသည့် မူဝါဒဖြစ်ကြောင်း ပြည်သူလူထုအားလုံးယုံကြည်လက်ခံနိုင်စေရန်လိုအပ်ကြောင်း တွန်းအားပေးပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.