Connect with us

Videos

ပြည်တွင်း၌ စက်သုံးဆီများ လုံလောက်စွာ ရှိသောကြောင့် ပြည်သူများစိုးရိမ်ရန်မလိုဟု ဆို

ရန်ကုန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ စက်သုံးဆီများ လုံလုံလောက်လောက်ရှိသောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ရန်မလိုကြောင်း နှင့်သီလဝါဆီသိုလှောင်ကန် စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည် ဆိုခြင်းမှာ ကောလာဟလ သတင်းသာ ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁၉ ရက်တွင် အတည်ပြုပြောကြားသည်။
ယနေ့ဧပြီ ၁၉ ရက်တွင် သီလဝါသိုလှောင်ကန်စခန်းများအပါအဝင် ပြည်တွင်းဆီလက်ကျန်အခြေအနေမှာ ဓာတ်ဆီအနေဖြင့် ဂါလံသန်းပေါင်း ၄၅ သန်းခန့်နှင့် ဒီဇယ်ဆီ ဂါလံသန်းပေါင်း ၇၀ ခန့်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာကော်မတီ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း MPTA တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် မကြာခင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဖြစ်သင့်သော ရည်ညွှန်းဈေးများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားပြီး စက်သုံးဆီဆိုင်အချို့ကလည်း စက်သုံးဆီများ လိုသလောက်ရောင်းချပေးလျက်ရှိကြောင်း ၎င်းတို့၏ Facebook စာမျက်နှာတွင် အသီးသီးထုတ်ပြန်ကြေညာထားသည်ကိုတွေ့ရသည်။ (Xinhua)

မြန်မာ #စက်သုံးဆီ #ဆင်ဟွာ #Oil #Xinhua #Myanmar #XinhuaMyanmar

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.