Connect with us

Videos

Shenzhou-13 လူလိုက်ပါသည့် အာကာသယာဉ် ခရီးစဉ် အောင်မြင်စွာပြီးဆုံး

ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ အာကာသယာဉ်မှူး ၃ ဦးလိုက်ပါသည့် Shenzhou-13 အာကာသခရီးစဉ်သည် အာကာသအတွင်း အချိန် ၆ လကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဧပြီ ၁၆ ရက်တွင် ကမ္ဘာမြေပေါ်သို့ဘေးကင်းစွာပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထိုမစ်ရှင်သည် တရုတ်နိုင်ငံမှ တည်ဆောက်နေသည့် အာကာသစခန်း၏ အခရာကျသော နည်းပညာများ ကို ဆောင်ရွက်ပြီးစီးမှုသက်သေဖြစ်သည့်အပြင် ဂြိုဟ်ပတ်လမ်းတွင် တရုတ်အာကာသယာဉ်မှူးများ ကာလရှည် နေထိုင်သည့် စံချိန်တင်ခဲ့ကြောင်း China Manned Space Agency (CMSA) က ဆိုသည်။

အာကာသယာဉ်မှူး ၃ ဦးဖြစ်သည့် ကျိုက်ကျစ်ကန်း၊ ဝမ်ရာဖိန်၊ ယဲ့ကွမ်းဖု တို့အား တင်ဆောင်လာသည့် Shenzhou-13 ကမ္ဘာပေါ်သို့ပြန်လည်ဆင်းသက်သည့် ယာဉ် သည် တရုတ်နိုင်ငံ (အတွင်း) မွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြောက်ပိုင်း Dongfeng ဆင်းသက်ရေးစခန်းသို့ ပေကျင်းစံတော်ချိန် မနက် ၉ နာရီ ၅၆ မိနစ်တွင် ဆင်းသက်ခဲ့သည်။Shenzhou-13 လူလိုက်ပါသည့် အာကာသခရီးစဉ်သည် အောင်မြင်ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း CMSA က ကြေညာခဲ့သည်။ (Xinhua)

……………………..
(English Version)
GLOBALink | Shenzhou-13 manned spaceship: Mission complete
BEIJING, April 18 (Xinhua) — Three Chinese astronauts of the Shenzhou-13 manned spaceship have completed their six-month space station mission and returned to Earth safely on Saturday.
The mission marks that China has completed the verification of key technologies of its space station, and also sets a record for Chinese astronauts’ duration in orbit, said the China Manned Space Agency (CMSA).
Shenzhou-13’s return capsule, carrying astronauts Zhai Zhigang, Wang Yaping and Ye Guangfu, touched down at the Dongfeng landing site in north China’s Inner Mongolia Autonomous Region at 9:56 a.m. (Beijing Time).

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.