Connect with us

Videos

ဗဟိုအစိုးရအနေဖြင့် ဟောင်ကောင်အရေးတွင် ဥပဒေအခြေပြုကာ ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်

ဟောင်ကောင်၊ ဇွန် ၉ ရက်(ဆင်ဟွာ) 

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရသည် ဇွန် ၈ ရက်တွင်  အင်တာနက် အစည်းအဝေးတစ်ရပ် ကို ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကော်စီ ဟောင်ကောင်၊မကာအိုရေးရာရုံး ဒုတိယညွှန်ကြားရေးမှူး ကျန်းရှောင်မင် က  “ဗဟိုအစိုးရဟာ အဓိက စည်းမျဉ်း ၃ ရပ်အပေါ်မှာအခြေခံတဲ့ ဥပဒေတစ်ခုနဲ့ ဆောင်ရွက်ခဲ့တာပါ ။ ပထမဆုံးကတော့ အမျိုးသားလုံခြုံရေး နှင့် စပ်လျဉ်းတဲ့ ကိစ္စရပ်တွေကို ဗဟိုအစိုးရရဲ့ တစုတစည်းထဲ တရားစီရင်မှုအောက်မှာ လုပ်ဆောင်သွားဖို့ပါ ။ ဒုတိယအချက်ကတော့ အမျိုးသားလုံခြုံရေးဥပဒေဟာ ဗဟိုအစိုးရ ရဲ့ တာဝန်ယူမှုအတွင်းမှာရှိရမယ့် ဥပဒေဖြစ်ပါတယ်။ တတိယအချက်ကတော့  အမျိုးသားလုံခြုံရေးကို ပျက်ပြားစေတဲ့ ကျူးလွန်မှုမျိုးကိုပြုလုပ်တဲ့ ဘယ် နိုင်ငံကိုမဆို ထိရောက်တဲ့တုန့်ပြန်မှုမျိုးကိုပြုလုပ်သွားဖို့ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေဟာ တစ်ပါတီ အုပ်ချုပ်တဲ့အစိုးရဖြစ်ဖြစ် ဖက်ဒရယ်စနစ်နဲ့အုပ်ချုပ်တဲ့ နိုင်ငံတွေမှာပဲဖြစ်ဖြစ်  အားလုံးနှင့် သင့်လျော်တဲ့ စည်းမျဉ်းတွေလည်းဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.