Connect with us

Videos

ဟောင်ကောင်တွင် အဓိက ကြုံတွေ့နေရသည့် ပြဿနာမှာ နိုင်ငံရေးပြဿနာပင်ဖြစ်

ဟောင်ကောင်၊ ဇွန် ၉ ရက် (ဆင်ဟွာ) 

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရသည် ဇွန် ၈ ရက်တွင် အင်တာနက် အစည်းအဝေးတစ်ရပ် ကို ကျင်းပပြုလုပ်ခဲ့ရာ ယင်းအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီရုံး ဟောင်ကောင်၊မကာအိုရေးရာ ဒုတိယညွှန်ကြားရေးမှူး ကျန်းရှောင်မင် က “ဟောင်ကောင်တွင် အဓိက ကြုံတွေ့နေရသည့်ပြဿနာမှာ စီးပွားရေးပြဿနာလည်းမဟုတ်၊ ပြည်သူတွေရဲ့အိုးအိမ် သို့မဟုတ် အလုပ်အကိုင်ဆိုင်ရာလူမှုဘဝ ပြဿနာလည်းမဟုတ်၊ အုပ်စုဖွဲ့ အကျိုးစီးပွား ရှာဖွေခြင်း သို့မဟုတ် လူငယ်များ၏ တိုးတက်ရာတိုးတက်ကြောင်းလှုပ်ရှားဆောင်ရွက်မှု အခက်အခဲ စသည့် လူမှုရေးပြဿနာများလည်းမဟုတ်ဘဲ နိုင်ငံရေးပြဿနာ သက်သက်သာဖြစ်ပါတယ် ဟောင်ကောင်ဒေသကို ဘယ်လိုပုံစံမျိုးနဲ့ တည်ဆောက်သင့်တယ်ဆိုတဲ့ အခြေခံကျတဲ့ မေးခွန်းပေါ်မှာ ဆန့်ကျင်မှုတွေနဲ့ မတူကွဲပြားမှုတွေပေါင်းဆုံရာကနေ ထွက်ပေါ်လာခြင်းသာဖြစ်ပါတယ်မိမိတို့အနေနဲ့ တစ်နိုင်ငံ စနစ် နှစ်မျိုး မူဝါဒတွေအပေါ်မှာ စစ်မှန်စွာ လိုက်နာကျင့်သုံးတဲ့ ဟောင်ကောင်အဖြစ်တည်ဆောက်ချင်ပါတယ် ဟောင်ကောင်ကို ဟောင်ကောင် ပြည်သူတွေကပဲ အုပ်ချုပ်ပြီးတော့  အဆင့်မြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့အတူ  သာယာဝပြောမှုနှင့် တည်ငြိမ်အေးချမ်းမှု ရေရှည်တည်တံ့စွာ ခံစားစေချင်ပါတယ် ဒါပေမဲ့ အတိုက်အခံတွေနဲ့ နောက်ကွယ်က အင်အားစုတွေဟာ ဟောင်ကောင်ကို လွတ်လပ်ရေးရအောင် သို့မဟုတ် နိုင်ငံရေးခေါင်းစဉ်ဖြင့် တစ်စိတ်တစ်ပိုင်းလွတ်လပ်ရေးရအောင်ကြိုးပမ်းအားထုတ်နေကြပြီး ပြင်ပအင်အားစုအားကိုးနဲ့ တရုတ်နိုင်ငံနဲ့ တရုတ်ကွန်မြူနစ်ပါတီကို တိုက်ခိုက်ဖို့ ကြိုးပမ်းလုပ်နေကြတာပါ  ဒါဟာ တစ်နိုင်ငံစနစ်နှစ်မျိုး အကောင်အထည်ဖော်ဆောင်ဖို့နဲ့  ဟောင်ကောင်ဒေသရဲ့ သာယာဝပြောမှုနဲ့ တည်ငြိမ်အေးချမ်းမှု ၊ ရေရှည်တည်တံ့စေရေးဆောင်ရွက်မှုတွေကို ဟန့်တားနှောင့်ယှက်တဲ့ အဓိက လုပ်ဆောင်ချက်တွေပါဟောင်ကောင်ပြည်သူတွေရဲ့ လူမှုရေးနဲ့ နိုင်ငံရေးအပေါ် လွန်စွာထိပါးနှောင့်ယှက်တာ တာတွေကို စဉ်းမျဉ်းစဉ်းကမ်းနဲ့အညီ ဟန့်တားသွားရမှာဖြစ်ပါတယ် ဟု ဆိုသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.