Connect with us

Videos

ဘရာဇီးသမ္မတ(ဟောင်း) အား ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်

ဘရာဇီးလီယာ ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံသမ္မတ(ဟောင်း) Luiz Inacio Lula da Silva အား နိုင်ငံပိုင် ရေနံကုမ္ပဏီ Petrobras Brasileiro ထံမှ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ငွေကြေးရယူခဲ့သည့် အကျင့်ပျက်လာဘ်စားမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်လိုက်ကြောင်း တရားဝင်သတင်းအရင်းအမြစ်များက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတ(ဟောင်း)သည် OASSA အင်ဂျင်နီယာ အကျိုးဆောင်လုပ်ငန်းထံမှ ဘရာဇီးငွေ ၃.၇ သန်း (အမေရိကန်ဒေါ်လာ ၁.၂ သန်း ) တန်ဖိုးရှိ လာဘ်ငွေများကို ရယူခဲ့ကြောင်း ဘရာဇီးနိုင်ငံ ပြည်ထောင်စု တရားသူကြီး Sergio Moro က ဆိုသည်။

ဘရာဇီးနိုင်ငံ အစိုးရရှေ့နေချုပ် က Lula သည် နိုင်ငံရေးအရ အခွင့်ရေးအရအခွင့်အရေးရရှိစေရန် စံအိမ်ဝယ်ယူခြင်း နှင့် ပြင်ဆင်မွမ်းမံခြင်းကို OASSA က လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

သို့သော် တရားသူကြီးက သမ္မတဟောင်း Lula အား ချက်ခြင်း ထောင်ဒဏ်အပြစ်ပေးရန် အမိန့်ချမှတ်ခဲ့ခြင်းမရှိဘဲ Lula အနေဖြင့် အယူခံခွင့်ရအောင် ခွင့်ပြုပေးထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.