Connect with us

Videos

ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံကြား မြန်နှုန်းမြင့်မီးရထား ချိတ်ဆက်ပြေးဆွဲတော့မည်

ဘန်ကောက်၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ချိတ်ဆက်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းပထမအဆင့်ကို ထိုင်းအစိုးရ က အတည်ပြုခဲ့ကြောင်းသိရသည်။ ထိုရထားလမ်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနောက်မြောက်ပိုင်းမှ စတင်မည်ဖြစ်သည်။ တရုတ်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာထောက်ပံ့မှုများကိုပေးသွားမည်ဖြစ်ပြီး ၂ဝ၂၁ ခုနှစ်တွင် စီမံကိန်းကိုအဆုံးသတ်မည်ဟုသိရသည်။ ၂၅၂ ကီလိုမီတာအရှည်ရှိမည့်အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို ချိတ်ဆက်မည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာစေရန် ထိုသို့ရထားလမ်းဖောက်လုပ်ခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ်ကတည်းက ထိုစီမံကိန်းကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.