Connect with us

Videos

မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာ ပွဲတော်အား စတုတ္ထ အကြိမ်မြောက်အဖြစ် ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာ ပွဲတော်အား ရန်ကုန်မြို့  မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ မသန်စွမ်း အနုပညာရှင်များနှင့် အတူ စင်္ကာပူ နှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ မသန်စွမ်း အနုပညာရှင်များကလည်း ပါဝင် ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာ ပွဲတော်တွင် ဖျော်ဖြေ တင်ဆက်မှုများ အဖြစ် ထာဝရ မြန်မာ တေးသရုပ်ဖော်ခြင်း အပါအဝင် တပင်တိုင် အဆို ၊ ဆီမီးခွက် အက ၊ Talent Dance ၊ Magic in the air ၊ Zumba Dance ၊ Wheel-Chair Dance စသဖြင့် ဖျော်ဖြေတင်ဆက်မှုများအား စင်္ကာပူ နိုင်ငံ ၊ ဖိလစ်ပိုင် နိုင်ငံ နှင့် မြန်မာနိုင်ငံတို့မှ မသန်စွမ်း အနုပညာရှင် ၆၀ ဦး နှင့် အနုပညာရှင်များ ၊ နိုင်ငံကျော် အဆိုတော်များစွာက ပါဝင် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.