Connect with us

Videos

တရုတ်နိုင်ငံက Long March-5 ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံ ဖြင့် Shijian-20 ဂြိုဟ်တု လွှတ်တင်

ဟိုင်နန်၊ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက Long March-5 ဂြိုဟ်တု သယ်ဆောင်ရေးဒုံးပျံကို အသုံးပြု၍ Shijian-20 ဂြိုဟ်တုအား ဒီဇင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၄၅ မိနစ်တွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းအာကာသစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ Long March စီးရီး ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံ၏ ၃၂၃ ကြိမ်မြောက် ဂြိုဟ်တုအောင်မြင်စွာလွှတ်တင်ခြင်း ဖြစ်သည်။ Long March-5 ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံ  သည် လက်ရှိတွင် တရုတ်နိုင်ငံ၏ ခေတ်အမီဆုံးနှင့်အကြီးဆုံးဒုံးပျံ တစ်စင်းဖြစ်သည်။ ဒုံးပျံမှာ ၅၇ မီတာရှည်လျားကာ အထပ် ၂၀ အမြင့်ရှိ တိုက်ကြီးတစ်လုံးနှင့် အမြင့်ချင်းတူညီပြီး အလေးချိန် တန် ၈၇၀ ရှိကြောင်းသိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.