Connect with us

Videos

သစ်ပင်နှင့်လက်ထပ်ကြသူများ

မက္ကဆီကို၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံတောင်ပိုင်း San Jacinto Amilpas မြို့တွင် ထူးခြားဆန်းပြားစွာသစ်ပင်နှင့်လက်ထပ်ကြသူ အယောက် ၂ဝ ၏လက်ထပ်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကကျင်းပခဲ့ကြသည်။ သတို့သား များနှင့် သတို့သမီးများမှာ ကတိသစ္စာများကို ရွတ်ဆိုပြီးနောက် ၎င်းတို့လက်ထပ်ထားသည့် သစ်ပင်များကို အနမ်းပေးကာ မင်္ဂလာပွဲ ကို အထမြောက်စေခဲ့သည်။ သစ်ပင်များနှင့် လက်ထပ်သည့် အလေ့အထမှာ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ထိုသို့လက်ထပ်ခြင်းအားဖြင့် ပြောင်း၊ ပဲ၊ ဆား ၊ ရေ ၊ မက္ကဆီကိုရိုးရာအရက်တစ်မျိုး ထုတ်လုပ်သည့် မက်ဇကယ် တို့ ပေါများစွာ ထွက်ရှိလိမ့်မည်ဟု အယူရှိကြသည်။ အဆိုပါ မင်္ဂလာပွဲတွင် ကလေးများအနေဖြင့်လည်း သဘာဝတရားကို ချစ်မြတ်နိုးတန်ဖိုးထားလိုစိတ်ဖြစ်စေရန်နှင့် ကြီးပြင်းလာပါကလည်း သစ်ပင်များကို ထပ်မံစိုက်ပျိုးကာပြုစုပျိုးထောင်ကြစေရန် ရည်ရွယ်ချက်များဖြင့် ပါဝင်ဆင်နွှဲကြကြောင်းသိရသည်။ မက္ကဆီကို နိုင်ငံသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့်နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း လူဦးရေထူထပ်လာမှုနှင့် လေထုညစ်ညမ်းမှုတို့ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများရှိလာခဲ့သည်။ ထိုသို့ သစ်ပင်နှင့်လက်ထပ်လိုက် သူများမှာ နိုင်ငံအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆောင်ရွက်နိုင်မည့် သစ်ပင်များကို ထပ်မံစိုက်ပျိုးသွားကြမည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.