Connect with us

Videos

သမ္မတဦးသိန်းစိန်မှ နိုင်ငံတော်သမ္မတ အိမ်တော်၌ သမ္မတသစ် ဦးထင်ကျော်အား ငြိမ်းချမ်းစွာ တာဝန် လွှဲပြောင်းခြင်း အစီအစဉ် ပြုလုပ်

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူခဲ့သည့် သမ္မတ ဦးသိန်းစိန်က ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အဖြစ် စတင် တာဝန်ယူမည့် သမ္မတသစ် ဦးထင်ကျော်အား နိုင်ငံတော် သမ္မတ အိမ်တော်၌ ငြိမ်းချမ်းစွာ တာဝန် နှင့် လုပ်ပိုင်ခွင့်များ လွှဲပြောင်းခြင်း အစီအစဉ်ကို ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲပြီးနောက် သမ္မတ တစ်ဆက်မှ နောက်သမ္မတ တစ်ဆက်အား အာဏာ လွှဲပြောင်းပေးခြင်းသည် ယခုအကြိမ်က ပထမဆုံး အကြိမ် ဖြစ်သလို နိုင်ငံတော် သမ္မတ အိမ်တော်၌ ကျင်းပသည့် တာဝန်လွှဲပြောင်းသည့် အခမ်းအနား ကိုလည်း MRTV News Channel နှင့် မြန်မာ့အသံ ရေဒီယို အစီအစဉ်တို့ မှ နံနက် (၁၀) နာရီ (၄၅) မိနစ်တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့ကာ ပြည်သူများမှ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်မှ နောက် ၅ နှစ် မြန်မာနိုင်ငံ သမ္မတ တာဝန်ကို ထမ်းဆောင်ရမည့် သမ္မတသစ် ဦးထင်ကျော်အား ရွှေစလွယ် အပါအဝင် သမ္မတ အဆောင်အယောင်များအား လွှဲပြောင်း ပေးအပ်ခဲ့သည်။ သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ်သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ စတင်၍ နိုင်ငံ၏ အုပ်ချုပ်ရေးအား စတင် တာဝန်ယူမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.