Connect with us

Videos

ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဘတ်စ်ကား

ကျန်းကျိုး၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်းကျန်းကျိုးတွင် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကာ သောက်သုံးရေစွန့်ထုတ်သည့် Fuel Cell Bus ၂စင်းကို စမ်းသပ်မောင်းနှင်လျက်ရှိသည်။ ထိုကား ၂စင်းတွင် ဟိုက်ဒရိုဂျင် လောင်စာစွမ်းအင်ဖြည့်ကိရိယာ ကို တပ်ဆင်ထားပြီး အဆိုပါ ကိရိယာမှဟိုက်ဒရိုဂျင်နှင့်အောက်ဆီဂျင်များကိုထောက်ပံ့ပေးကာ လျှပ်စစ်ကို ထုတ်လွှတ်ပေးခြင်းဖြစ်သည်။ ကားအိပ်ဇောပိုက်မှ ထွက်ရှိလာသည့်ရေမှာ သောက်သုံးနိုင်သည်အထိသန့်ရှင်း ကြောင်းဟိုက်ဒရိုဂျင်စွမ်းအင်သုံးဘတ်စ်ကားကိုမောင်းနှင်သည့် Zheng Dayong က လက်တွေ့သောက်သုံး ပြခဲ့သည်။ ထိုကားကို ဟိုက်ဒရိုဂျင်ဓါတ်ငွေ့၁၅ကီလိုဂရမ်အားဖြည့်ပေးရပြီး အားတစ်ကြိမ်ဖြည့်ပြီးလျင် ကီလိုမီတာ ၄ဝဝ ကျော်အထိမောင်းနှင်ပြေးဆွဲနိုင်မည်ဟုသိရသည်။ လာမည့်အောက်တိုဘာလတွင် ကျန်းကျိုးမြို့၌ ၎င်းဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားအစင်းပေါင်း ၂ဝ ခန့်အထိ တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်သည်။ တရုတ်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်ရန် မီးခိုးငွေ့များကိုတတ်နိုင်သမျှလျှော့ချနိုင်ရန် ထိုသို့တီထွင်ထုတ်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.