Connect with us

Videos

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ သေနတ်ပစ်ခတ်မှုကြောင့် လူ သုံးဦး သေဆုံး

ဝါရှင်တန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Jacksonville မြို့ရှိ ဂိမ်းအရက်ဘားတစ်ခုတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် လူသုံးဦးသေဆုံးသွားကြောင်း ဒေသခံရဲတပ်ဖွဲ့က သြဂုတ် ၂၆ ရက်တွင်ပြောကြားခဲ့သည်။ပစ်ခတ်မှုသည် မြို့လယ်ရှိ ဈေးဝယ်နေရာတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သေနတ်သမားသည် ဂိမ်းဆိုင်နှင့်တွဲဖွင့်ထားသည့် အရက်ဘားတစ်ခုအတွင်း ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန်တွင် ဂိမ်းပြိုင်ပွဲ live လွှင့်နေချိန်ဖြစ်ကြောင်း သိရသည်။

သေနတ်သမားအဖြစ် သံသယရှိသူအမျိုးသားမှာ အသက် ၂၄ နှစ်အရွယ် David Katz ဖြစ်ပြီး ၎င်းသည် ဂိမ်းပြိုင်ပွဲဝင်ရန် မေရီလန်းပြည်နယ် ဘာတီမိုမြို့မှ လာရောက်ခဲ့သူ ဖြစ်သည်။ ၎င်းသည် မိမိကိုယ်ကို အဆုံးမစီရင်မီ အော်တိုမက်တစ်ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.