Connect with us

Videos

selfie ရိုက်နိုင်မည့် အိတ်ဆောင် Drone

ကွေ့ယောင်း၊မေ ၃ဝ ရက်(ဆင်ဟွာ)
တရုတ်စွန့်ဦးတီထွင်သူ တို့က selfie ရိုက်နိုင်မည့် drone အသေးစားတစ်ခုကို တီထွင်ခဲ့သည်။ Zero Tech မှ ထုတ်လုပ်သည့် ထုတ်ကုန်သစ် အိတ်ဆောင် drone ကို Dobby ဟုအမည်ပေးထားပြီး ၎င်း၏ အလေးချိန်မှာ ၁၉၉ ဂရမ်သာရှိသည်။ 13 megapixel ကင်မရာ၊ တုန်ခါမှုမဲ့ အမူအရာထိန်းချုပ်ကိရိယာ၊ မျက်နှာမှတ်သည့် နည်းပညာတို့ဖြင့် ထုတ်လုပ်ထားသည်။
ဒီ Drone က အရပ်မျက်နှာတိုင်းကို လှည့်ပတ်ရိုက်နိုင်တဲ့အပြင် နေရာတော်တော်များများရှိ အချက်အလက်များကို သိမ်းဆည်းနိုင်ပါတယ်။
အဆိုပါ drone ကို ဖုန်းဖြင့်သာထိန်းချုပ်နိုင်ပြီး အားသွင်းချိန် ၁ဝ မိနစ်သာ ကုန်ကျမည်ဖြစ်သည်။ drone တစ်ခုကို ယွမ် ၁၈၉၉ (သို့မဟုတ်) ဒေါ်လာ ၂၉ဝ ကျသင့်မည်ဖြစ်သည်။
မေလ ၂၈ ရက်နေ့အထိ ကျင်းပသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ် ကွေ့ယောင်းရှိ တရုတ်စက်မှုလုပ်ငန်းညီလာခံ တွင် အဆိုပါ Drone ကို ပြသခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.