Connect with us

Videos

တူရကီနိုင်ငံ၌ မီးသတ်ရဟတ်ယာဉ်ပျက်ကျမှုအတွင်း ရုရှားနိုင်ငံသား နှစ်ဦးသေဆုံး

အန်ကာရာ ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်တောင်ပိုင်း၌ မီးသတ်ရဟတ်ယာဉ်တစ်စင်းသည် စက်တင်ဘာ ၂၁ ရက်က ပျက်ကျသွားခဲ့ပြီး ရဟတ်ယာဉ်ပေါ်ရှိ ရုရှားနိုင်ငံသား နှစ်ဦး သေဆုံးကာ ရဟတ်ယာဉ်အမှုထမ်း ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။အဆိုပါဖြစ်စဥ်သည် တူရကီနိုင်ငံ အနောက်တောင်ပိုင်း Denizli ပြည်နယ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ်တွင် တူရကီနိုင်ငံသား နှစ်ဦး နှင့် ရုရှားနိုင်ငံသား ငါးဦး လိုက်ပါသွားခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံထုတ် မီးသတ်ရဟတ်ယာဉ်သည် တူရကီနိုင်ငံ အနောက်တောင်ပိုင်း Mugla ပြည်နယ် Marmaris ခရိုင်အတွင်း ဖြစ်ပွားသည့် တောမီးငြှိမ်းသတ်မှုအားကူညီရန် နိုင်ငံ မြောက်ပိုင်း Kastamonu ပြည်နယ်မှ ထွက်ခွာလာခဲ့ ခြင်းဖြစ်ကြောင်း နှင့် ယင်းရဟတ်ယာဉ်သည် Denizli ပြည်နယ် Cardak ခရိုင်အနီး ပျက်ကျသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————-

2 Russians killed in firefighting helicopter crash in Türkiye
A firefighting helicopter crashed Wednesday in southwestern Türkiye on a mission, killing two Russians on board and injuring five other crew members, the Turkish Interior Ministry said.
Two Turks and five Russians were on the helicopter when the accident happened in Turkish southwestern Denizli Province.
The Russian-made firefighting helicopter left the Turkish northern province of Kastamonu in aid of extinguishing a forest fire in the Marmaris district of southwestern Mugla, and crashed near the Cardak district in Denizli.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.