Connect with us

Videos

တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဟူခိုရေတံခွန်က နွေရာသီ ရေကြီးသည့်ကာလသို့ ရောက်ရှိလာ

ဟူခို ၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ)

မကြာသေးမီက မြစ်ဝါမြစ်အထက်ပိုင်းတွင် မိုးရွာသွန်းမှုများလာသောကြောင့် မြစ်ဝါမြစ်၏ ဟူခိုရေတံခွန် ရေစီးဆင်းမှုသည် သိသိသာသာတိုးလာခဲ့သည်။ရေစီးဆင်းမှုနှုန်းသည် တစ်စက္ကန့်လျှင် ကုဗမီတာ ၁,၈၀၀ ရှိခဲ့ပြီး ရေတံခွန်အစုအဝေး၏ ခမ်းနားသောမြင်ကွင်းကို တွေ့မြင်ရကာ ခရီးသွားဧည့်သည်အများအပြားကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် နှင့် နိုင်ငံအနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်တို့အကြား နယ်စပ်ဒေသ၌ တည်ရှိသည့် ဟူခိုရေတံခွန်သည် တရုတ်နိုင်ငံ၌ ဒုတိယအကြီးဆုံး ရေတံခွန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
Hukou Waterfall enters summer flood season in north China
Due to the increase in the rainfall in the upper reaches of the Yellow River recently, the water flow of the Hukou Waterfall of the Yellow River has expanded significantly.
The flow rate has reached 1,800 cubic meters per second, showing a magnificent view of the waterfall group and attracting many tourists.
The Hukou Waterfall, located on the border area between north China’s Shanxi and northwest China’s Shaanxi provinces, is the second-largest waterfall in China.
Xinhua News Agency correspondents reporting from Linfen, China.(XHTV)