Connect with us

Videos

တရုတ်နိုင်ငံ ရှမန်လေကြောင်းလိုင်းက ပေကျင်း-ဒိုဟာလေကြောင်းခရီးစဉ် စတင်ပြေးဆွဲ

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှမန်လေကြောင်းလိုင်းက ပေကျင်းမြို့နှင့် ကာတာနိုင်ငံ မြို့တော် ဒိုဟာကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို အောက်တိုဘာ ၂၀ ရက်တွင် စတင်ဖွင့်လှစ်လိုက်ရာ တရုတ်-ကာတာ လမ်းကြောင်း၌ ပထမဆုံးပြေးဆွဲသော လေကြောင်းလိုင်းဖြစ်လာခဲ့သည်။ပေကျင်း-ဒိုဟာ လမ်းကြောင်းတွင် B787 လေယာဉ်ဖြင့် ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဒိုဟာမြို့ရှိ ဟာမတ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြား နေ့စဉ် အသွားအပြန် ခရီးသည်တင်လေကြောင်းခရီးစဉ် ပြေးဆွဲခြင်းဖြစ်သည်။

“ပေကျင်း-ဒိုဟာ လမ်းကြောင်း ဖွင့်လှစ်ခြင်းက တရုတ်နိုင်ငံနဲ့ ကာတာနိုင်ငံကြား ထင်ရှားတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သလို အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဒီလေကြောင်းခရီးစဉ် က ‘လေကြောင်း ပိုးလမ်းမ’ကို စီးပွားရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေး ထိန်းသိမ်းဖို့ ကျယ်ပြန့်စေမှာဖြစ်ပါတယ်” ဟု ရှမန်လေကြာင်းလိုင်း ဥက္ကဋ္ဌ Zhao Dong က ပြောခဲ့သည်။ ပေကျင်း-ဒိုဟာ လေကြောင်းခရီးစဉ်သည် ရှမန်လေကြောင်းလိုင်း၏ ပေကျင်းမြို့မှ ထွက်ခွာမည့် ပထမဆုံး နိုင်ငံတကာ ခရီးရှည်လမ်းကြောင်းဖြစ်သလို ယင်းလေကြောင်းလိုင်းက အရှေ့အလယ်ပိုင်းအထိ ပြေးဆွဲသော ပထမဆုံး နိုင်ငံတကာ လေကြောင်းခရီးစဉ်လည်း ဖြစ်ကြောင်း Zhao က ဆိုသည်။တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် ရုံးချုပ်ထားရှိသော ရှမန်လေကြောင်းလိုင်းက ရှမန်-ဒိုဟာ လေကြောင်းခရီးစဉ်ကို အောက်တိုဘာ ၃၁ ရက်၌ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————-
China’s Xiamen Airlines launches Beijing-Doha air route
BEIJING, Oct. 20 (Xinhua) — China’s Xiamen Airlines on Friday launched a direct air route linking Beijing and Qatar’s capital Doha, enabling the airline to become the first Chinese carrier operating the China-Qatar route.
The Beijing-Doha route is carried by B787 aircraft with a round-trip passenger flight per day, shuttling between the Beijing Daxing International Airport and the Hamad International Airport in Doha.
“The opening of the Beijing-Doha route is of milestone significance and will inject momentum into the win-win cooperation between China and Qatar. It will broaden the ‘Air Silk Road’ to sustain economic and cultural exchanges,” said Zhao Dong, Xiamen Airlines chairman.
The Beijing-Doha air route is Xiamen Airlines’ first international long-haul route departing from Beijing and also the airline’s first international long-haul route reaching the Middle East, according to Zhao.
Headquartered in Xiamen, east China’s Fujian Province, Xiamen Airlines will launch the Xiamen-Doha air route on Oct. 31, according to the airline.