ဆန်းရှီး၊နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ တောင်ပိုင်း ဆန်းရှီးပြည်နယ် တာ့ထုန်မြို့ လျှပ်စစ်ဓါတ်အားခွဲစက်ရုံတွင် စက်ပစ္စည်းကိရိယာများအား စစ်ဆေးရန် စမတ်ကင်းလှည့်စက်ရုပ်ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။ အဆိုပါ စက်ရုပ်လေးတွင် လေဆာလမ်းညွှန်စနစ်(laser navigation system)၊ အနီအောက်ရောင်ခြည် သာမိုမီတာ(infrared thermometer)၊ ဒေတာနှင့်ပုံရိပ်ဖတ်စနစ်(data and image recognition...
ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ယခုနှစ် ဆောင်းရာသီ၏ ပထမဆုံး ဆီးနှင်းများကို နိုဝင်ဘာ ၂၁ ရက်က မြင်တွေ့ခဲ့ရကြောင်း သိရသည်။ ပေကျင်းမြို့ ဆင်ခြေဖုံးဖြစ်သည့် ယန်ချင့်နှင့် ဟွိုင်ရိုဒေသများတွင် သောကြာနေ့ကစ၍ နှင်းမိုးရွာသွန်းခဲ့ကြောင်း ပေကျင်းမိုးဇလက ဆိုသည်။ မှတ်တမ်းများအရ ၁၉၆၁...
ပေကျင်း၊နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပေကျင်းမြို့တွင် ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံး နှင်းကျချိန် နိုဝင်ဘာ ၂၁ ရက်က ဟွမ်ဟွာချန် မဟာတံတိုင်းကြီး၏ မြင်ကွင်းများအား ရိုက်ကူးထားခြင်း ဖြစ်သည်။ ဟွမ်ဟွားချန်သည် ပေကျင်းရှိ ရေကန်ကြီးနံဘေးတွင် တည်ရှိသည့် တစ်ခုတည်းသော မဟာတံတိုင်း အပိုင်းကြီးဖြစ်ပြီး ခြေလျှင်ခရီးသွားများ ထိပ်တန်းဦးစားပေး ရွေးချယ်လည်ပတ်သည့်...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၊ ရုပ်သံတည်းဖြတ်/စုဝင့် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ COVID-19ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အတွက် ငွေကျပ်သိန်း ၇၀၀၀ ကို ယနေ့နိုဝင်ဘာ ၂၀ ရက်တွင်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဆေးတက္ကသိုလ် (၁) တွင် ကျင်းပခဲ့ကြောင်း...
ရန်ကုန်၊နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရုပ်သံတည်းဖြတ်/စုဝင့်၊ ရိုက်ကူး/ကျန်းတုံချန်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့(နိုဝင်ဘာ ၁၆ ရက်)က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က...
ဟဲနန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စုဝင့် တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်၌ တည်ရှိသည့် နာမည်ကျော်ရှောင်လင်ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် Yan Chen အမည်ရသည့် ရှောင်လင်ကိုယ်တော်တစ်ပါးသည် သေရည်မူးနေသူတစ်ဦး၏ လှုပ်ရှားမှု နှင့် ရှေးဟောင်း ရှောင်လင်သိုင်းကွက်များကို ပေါင်းစပ်ကာ “အရက်မူးသိုင်း” ကိုယ်ခံပညာ သရုပ်ပြလေ့ကျင့်ခဲ့သည်။ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုပုံစံဖြင့် လေ့ကျင့်ရသော...
အတွင်းမွန်ဂိုလီးယား၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် တည်းဖြတ်/စုဝင့် တရုတ်နိုင်ငံ မြောက်ပိုင်း “အတွင်းမွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ”ရှိ ကွေ့ယန် ကောင်တီမှ မြင်တွေ့ရသည့် တရုတ်နိုင်ငံ၏ အထင်ကရ မဟာတံတိုင်းကြီး၏ လှပသော ရှုမျှော်ခင်းများကို ရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ မဟာတံတိုင်းကြီး၏ ယင်းအပိုင်းကို ချင်မင်းဆက် (၂၂၁-၂၀၆...
နယူးယောက်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် / စုဝင့် အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားသူဦးရေသည် နိုဝင်ဘာ ၁၁ ရက်အထိ ၁၀.၂၇ သန်းကျော် ရှိခဲ့ရာ ၁၀ ရက်တာအတွင်း ကူးစက်ခံရမှုအသစ် တစ်သန်းနီးပါးအထိ ဖြင့် အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် COVID-19...
ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ်/စုဝင့် တရုတ်နိုင်ငံက အမေရိကန်သမ္မတအသစ်အဖြစ်ရွေးချယ်ခံရသည့် ဂျိုးဘိုင်ဒန်နှင့် ဒုတိယ သမ္မတအဖြစ်ရွေးချယ်ခံရသည့် ကမ်မလာဟဲရစ်တို့အား ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အမေရိကန်ပြည်သူတို့၏ ရွေးချယ်မှုအပေါ် လေးစားပါကြောင်းထုတ်ပြန်ကြေညာခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က နေ့စဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်” အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ်အမေရိကန်နိုင်ငံပြည်တွင်း နှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်မှု...
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် တည်းဖြတ် / စုဝင့် လက်ရှိတွင် တစ်ကမ္ဘာလုံး ၌ COVID-19 ဖြစ်ပွားမှု စုစုပေါင်း သန်း ၅၀ ကျော်လာပြီးနောက် နိုင်ငံနှင့် ဒေသအသီးသီးတွင် လူမှုရေးနှင့် စီးပွားရေး ထိခိုက်မှုများအားလျှော့ချရေးအတွက် ကပ်ရောဂါ တိုက်ဖျက်ရေး ကို...