Connect with us

Media

တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်အထိ Inya Lake Hotel, Yangon Convention Center (YCC) တွင် ပြုလုပ်လျက်ရှိသည်။ အဆိုပါ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံမှ အမှတ်တံဆိပ် ၂၈ ခုနှင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ အဝတ်အထည်ဆိုင်ရာ စက်ပစ္စည်းလုပ်ငန်းရှင် ၁၀၀ ကျော်က ပြခန်းပေါင်း ၁၀၀ ကျော်တွင် ၎င်းတို့၏ ထုတ်ကုန်များကို ပြသလျက်ရှိသည်။ အဆိုပါပြပွဲတွင် ပြခန်းစုစုပေါင်း ၁၅၀ ခန့် ပါဝင်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117