Connect with us

Media

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပေကျင်းမြို့တွင် ၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာသော မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တရုတ်နိုင်ငံအနေဖြင့် LMC နိုင်ငံများနှင့်အတူ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေးနှင့် ဒေသတွင်း သာယာဝပြောရေး တိုးမြှင့်ရေး နည်းလမ်းများ ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ အသိအမှတ်ပြုလောက်ဖွယ် ရလဒ်များ ရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းရေးနှင့် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများ အလုံးစုံ အမြစ်ပြတ်ချေမှုန်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်က အလေးထားပြောခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက်မှုကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ချီးကျူးကြောင်း၊ နယ်ပယ်စုံတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလိုပြီး တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ရပ် ပူးတွဲတည်ဆောက်လိုကြောင်း ပြောခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဆက်သွယ်ရေးလိမ်လည်မှုကဲ့သို့ နယ်စပ်ဖြတ်ကျော် တရားမဝင်၊ ပြစ်မှုဆိုင်ရာကျူးလွန်မှုများကို အပြည့်အဝ နှိမ်နင်းသွားမည်ဖြစ်ကြောင်းနှင့် ယင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့်အတူ ဘက်စုံညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးသန်းဆွေက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese FM meets Myanmar counterpart
BEIJING, Dec. 6 (Xinhua) — Chinese Foreign Minister Wang Yi on Wednesday met with Myanmar’s Deputy Prime Minister and Union Minister for Foreign Affairs U Than Swe, who is in Beijing for the eighth Lancang-Mekong Cooperation (LMC) Foreign Ministers’ Meeting.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that China stands ready to work with LMC countries to discuss ways to advance cooperation and promote regional prosperity.
Wang stressed that the cooperation between the two sides on combating telecom fraud in northern Myanmar had achieved remarkable results, adding that the two sides should strengthen law enforcement and security cooperation, and thoroughly eradicate online gambling and telecom fraud.
U Than Swe said that Myanmar attaches great importance to developing relations with China, admires China’s development achievements, and is willing to deepen cooperation with China in various fields and jointly build a Myanmar-China community of shared future.
Myanmar will resolutely crack down on cross-border illegal and criminal activities such as telecom fraud and carry out comprehensive coordination and cooperation with China in this regard, said U Than Swe.