ဝါရှင်တန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ဟော်မုဇ်ရေလက်ကြားတွင် အီရန်နိုင်ငံမှ ထောင်ထားသော ရေအောက်မိုင်းများအား ရှင်းလင်းရန် အမေရိကန်ရေတပ်က စက်ရုပ်များကို အသုံးပြုနေကြောင်း Wall Street Journal သတင်းစာက ဧပြီ ၁၉ ရက်၌ ဖော်ပြခဲ့သည်။ အီရန်နိုင်ငံမှ ထောင်ထားသော မိုင်းများအား ဖယ်ရှားရန်အတွက် လူနှင့်...
တိုကျို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တာကာအိချိအစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းမှုကို အပြင်းအထန် ကန့်ကွက်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ထိန်းသိမ်းရေးအား တိုက်တွန်းရန် ဂျပန်ပြည်သူ ၃၀,၀၀၀ ကျော်သည် ဧပြီ ၁၉ ရက် ညနေပိုင်းတွင် တိုကျိုမြို့ရှိ လွှတ်တော်အစည်းအဝေးခန်းမအနီးဝန်းကျင်၌ စုဝေးခဲ့ကြသည်။ ထိုနေ့ လူထုစုဝေးပွဲတွင်...
ယူနန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) မကြာသေးမီရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီနယ်စပ်စစ်ဆေးရေးဂိတ်သည် မြန်မာနိုင်ငံသား ခရီးသွားဧည့်သည်တစ်ဦး ခြေထောက်ကျိုး၍ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း၊ ဒေသန္တရဆေးကုသမှုဆိုင်ရာအခြေအနေများမှာ အကန့်အသတ်ရှိသဖြင့် တရုတ်ပြည်သို့ ဝင်ရောက်၍ ဆေးကုသမှုခံယူရန် အရေးပေါ်လိုအပ်ကြောင်း အကူအညီတောင်းခံမှုတစ်ခု လက်ခံရရှိခဲ့သည်။ အဆိုပါ စစ်ဆေးရေးဂိတ်သည် “အရေးပေါ် လမ်းကြောင်း”...
တီဟီရန်၊ ဧပြီ၂၀ ရက် (ဆင်ဟွာ) အီရန်အနေဖြင့် စစ်ပွဲလုံးဝပြီးဆုံး၍ ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိသည်အထိ ဟော်မုဇ်ရေလက်ကြား သွားလာရေးကို စောင့်ကြည့်ထိန်းချုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု အီရန် ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီ (SNSC) အတွင်းရေးမှူးရုံးက အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများ၏ နောက်ဆုံးတိုးတက်မှုနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း အီရန် Nour သတင်းဌာန၏...
နယူးယောက်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်မှု အတားအဆီးများ ဆက်လက်ရှိနေဆဲဖြစ်ပြီး အမေရိကန်နှင့် အီရန်အကြား ဒုတိယအကြိမ် ဆွေးနွေးမှုအလားအလာ မရေရာနေခြင်းကြောင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှောင်ရှားလိုသည့် ဝယ်လိုအားများ ထပ်မံမြင့်တက်လာခဲ့ရာ ကမ္ဘာ့ရေနံဈေးနှုန်းများသည် ဧပြီ ၁၉ ရက် ညပိုင်း အရောင်းအဝယ်သီတင်းပတ်အသစ်စတင်ချိန်တွင် များစွာ မြင့်တက်ခဲ့သည်။...
ဟားအယ်ပင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) လတ်တလောတွင် ကြယ်တံခွန် C/2025 R3 သည် ကမ္ဘာတစ်ဝန်းရှိ နက္ခတ္တဗေဒ ဝါသနာရှင်များ၏ အာရုံစိုက်မှုကို ဆက်လက် ဆွဲဆောင်လျက်ရှိပြီးယင်းက နေဆီသို့ ဦးတည်သွားစဉ်အတွင်း တောက်ပမှုသည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ဤကြယ်တံခွန်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ရှာဖွေတွေ့ရှိခဲ့ပြီး...
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကြသူများနှင့် လာရောက်စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များကို ဧပြီ ၁၇ ရက်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသော အကျဉ်းသား/သူ ၄,၅၀၀ ကျော်ကို ယနေ့ (ဧပြီ ၁၇ ရက်) မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်...
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်) နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်သို့ ကုသိုလ်ပြု ဘုရားဖူးလာရောက်ကြသူများကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)
ဖျာပုံ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ရှိ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ ညနေပိုင်းက ယိမ်းအဖွဲ့အကများ၊ တေးသီချင်း သီဆိုဖျော်ဖြေတင်ဆက်မှုများနှင့် ပြည်သူများ သင်္ကြန်ပွဲ လာရောက်ဆင်နွှဲမှု မြင်ကွင်းများကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၁၆ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့အတွင်းရှိ မဟာသင်္ကြန်ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များသို့ ပြည်သူအများအပြား လာရောက်ကာ ပါဝင်ဆင်နွှဲမှု မြင်ကွင်းများကို ဧပြီ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)