Connect with us

Videos

သက်ကြီးရွယ်အိုများအတွက် QR ကုတ်အားအထူးတီထွင်ထုတ်လုပ်

ပေကျင်း၊ နိုဝင်ဘာလ(၂၃)( ဆင်ဟွာ)

တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အိုများအဆင်ပြေချောမွေ့စေရန်အတွက် QR ကုတ် အထူးကိရိယာ အား တီထွင်ထုတ်လုပ်လိုက်သည်။ သက်ကြီးရွယ်အိုများ၊ စိတ်ပုံမှန်မဟုတ်သူများ မှာ မကြာခဏ မိသားစုမှ ပျောက်ဆုံးလေ့ရှိသဖြင့် ၎င်းအားကာကွယ်ရန်အတွက် အဆိုပါ ကိရိယာအား ထုတ်လုပ် ခြင်းဖြစ်သည်။ အကယ်၍ ထိုကိရိယာတပ်ဆင်ထားသော တစ်စုံတစ်ယောက် လမ်းတွင် ပျောက်ဆုံး နေပါက ထို QR ကုတ်အား scan ဖတ်၍ ၎င်းအား အိမ်သို့ ပြန်လည်ပို့ဆောင်ပေး နိုင်မည်ဖြစ် သကဲ့သို့ လူမှုရေးအသင်းအဖွဲ့များထံ ဖြစ်စေ ရဲစခန်းသို့ဖြစ်စေ အပ်နှံပို့ဆောင်နိုင်သည်။

အသုံးပြုသူများအားကာကွယ်ရန်အတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များအား ထုတ်ဖော် မည်မဟုတ်ကြောင်းသိရသည်။ ဂျင်းရှင်းဟွားရန် အဖွဲ့အစည်းမှ အဆိုပါ ကိရိယာအား တီထွင်ပေးခြင်း ဖြစ်ပြီး ကိရိယာအခု (၆ဝ) အား ဝေငှထားပြီးဖြစ်သည်။ အဆိုပါ ကိရိယာအားအသုံးပြုသူ ကျားယွမ်ပင်း ဆိုသူ အဖိုးအိုတစ်ဦးမှ ထိုကိရိယာသည် သက်ကြီးရွယ်အိုများအတွက် အလွန်အသုံးဝင် ကြောင်း၊ ၎င်းအတွက် အိမ်ပြန်လမ်းအား မေ့လျော့ပါက ထိုကိရိယာမှာများစွာ အထောက်အကူ ပြုကြောင်း ပြောကြားခဲ့သည်။ သက်ကြီးများသည် ရံဖန်ရံခါတွင် မိမိအိမ်ပြန်လမ်းအား မေ့လျော့ တတ်သောကြောင့် ထိုကိရိယာအားအသုံးပြုသင့်သည်။ တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အို ဦးရေအများစုမှာ မေ့လျော့ခြင်းဝေဒနာအားခံစားလျက်ရှိသောကြောင့် အဆိုပါ ကိရိယာအား အသုံးပြုကာ ဆေးဝါးကုသပေးခြင်းများပြားလျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.