ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) မိမိတို့သည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ရေလက်ကြား နှစ်ဖက်ကမ်းဒေသ မွေးချင်းများအကြား ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အစဉ်တစိုက် အားထားဆောင်ရွက်လျက်ရှိသော်လည်း “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးနှင့် ပြင်ပဝင်ရောက်စွက်ဖက်မှုများကို လုံးဝနားထောင်မည်၊ ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံး...
ကုလသမဂ္ဂ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်း အခြေအနေများ ပို၍ ဆိုးရွားလာမှုအောက်တွင် ငြိမ်းချမ်းရေး အလားအလာများ မှေးမှိန်လာကာ ဘက်စုံစစ်ပွဲများ အမှောင်ထုက လွှမ်းခြုံနေကြောင်း၊ အရေးတကြီး ပြဿနာများကို ဖြေရှင်းရန်၊ အပစ်အခတ်ရပ်စဲရေး၊ လူ့အသက်များကယ်တင်ရေး၊ ငြိမ်းချမ်းရေးပြန်လည်ရရှိရေး တွန်းအားပေးရန် လုံခြုံရေးကောင်စီအနေဖြင့် ချက်ချင်းဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ...
ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ၏ သက်ဆိုင်ရာလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းအပေါ် တားမြစ်သည့် အစ္စရေးလွှတ်တော်က မကြာသေးမီက အတည်ပြုခဲ့သည့် ဥပဒေကြမ်းကို တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂအေဂျင်စီ အများအပြားက ကြေညာချက်များဆက်တိုက်ထုတ်ပြန်၍ ကန့်ကွက်ခဲ့ကြကြောင်း၊ UNRWA ၏ လုပ်ဆောင်မှုများသည်...
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အမျိုးသား ပုံနှိပ်ထုတ်ဝေရေး ရန်ပုံငွေ စီမံကိန်း “နိုင်ငံခြားဘာသာ သင်ကြားပို့ချမှုနှင့် သုတေသနပြုမှု ပုံနှိပ်ထုတ်ဝေရေးဌာန (FLTRP) ၏ ပြည်ပသို့ မျက်နှာမူသော ဘာသာစကားမျိုးစုံဖြင့် တရုတ်ဘာသာသင်ယူရေး အဘိဓာန်စာအုပ်တွဲ” စီမံကိန်း၏ အောင်မြင်မှုရလဒ်တစ်ခုဖြစ်သည့် မြန်မာဘာသာဖြင့် ထုတ်ဝေသော《တရုတ်ဘာသာ လက်စွဲအဘိဓာန်》ကို ယခုရက်ပိုင်းတွင်...
ကျိုချွမ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ရှန်ကျိုး-၁၉ လူလိုက်ပါသောအာကာသယာဉ်နှင့် ဒုံးပျံ အောင်မြင်စွာ ခွဲထွက်နိုင်ခဲ့ပြီး ကြိုတင်သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်ခဲ့ပါသည်။ အာကာသယာဉ်မှူးများ အဖွဲ့လိုက် အခြေအနေကောင်းမွန်ကြောင်းနှင့် အာကာသယာဉ်လွှတ်တင်မှု အပြည့်အဝအောင်မြင်ခဲ့ကြောင်း သိရပါသည်။(Xinhua) …………………………………….. (Chinese Version) 新华社消息,神舟十九号载人飞船与火箭成功分离,进入预定轨道,航天员乘组状态良好,发射取得圆满成功。 “5,4,3,2,1,点火,起飞”
တိုကျို၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာက အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အာဏာရညွန့်ပေါင်းအဖွဲ့ ရှုံးနိမ့်ခဲ့ခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ရလဒ်ကို ၎င်း၏စိတ်ရင်းမှန်ဖြင့် လက်ခံကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသစံတော်ချိန် အောက်တိုဘာ ၂၈...
ပေကျင်း/ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ယခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲသည် နိုဝင်ဘာ ၅ ရက် ဖြစ်သည်။ ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲအားပြိုင်မှုများ နောက်ဆုံး မောင်းတင် အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ဒီမိုကရက်တစ်နှင့် ရီပက်ဘလစ်ကန် ပါတီနှစ်ရပ်၏အင်အား မတိမ်းမယိမ်းရှိနေရာ မဲဆွယ်စည်းရုံးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့်...
ယူနန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) မကြာသေးမီက ယူနန်ပြည်နယ် ချွီကျင့်မြို့ ဟွေ့ကျယ်ခရိုင်တွင် ငရုတ်သီး အထွက်ကောင်းခြင်းကြောင့် “Spicy Hot” ဖက်ရှင်ရှိုးပွဲတစ်ခု ကျင်းပခဲ့ပါသည်။ ငရုတ်သီးစိုက်ပျိုးသူများနှင့် ဒေသခံလူငယ်များက ငရုတ်သီးဖြင့် တန်ဆာဆင်၊ ဒီဇိုင်းဖော်ပြီး ပရိသတ်များကို တစ်မူထူးခြားသည့် ဖက်ရှင်ရှိုးပွဲတစ်ခု တင်ဆက်ခဲ့ကြပါသည်။ (Xinhua) ##Yunnan...
ယူနန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ယူနန်ပြည်နယ် ယောင်းနန် အမြန်လမ်းမ၊ တာ့ကူသွေးတံတားပေါ်ရှိ ပင်မတံတားလမ်းအပိုင်းကို အောက်တိုဘာ ၂၄ ရက်က နေရာလှည့်ပြောင်းနိုင်ခဲ့ပါသည်။ ထိုပင်မတံတားလမ်းအပိုင်းက မြေပြင်မှ ၆၄.၂ မီတာ ကွာဝေးပြီး တန်ချိန် ၁၄,၅၀၀ ရှိရာ ယူနန်ပြည်နယ်၏ ပင်မတံတားလမ်းအပိုင်း တစ်ခုချင်း နေရာလှည့်ပြောင်းမှု...
တီဟီရန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) အီရန် စစ်ရေးပစ်မှတ်များကို အစ္စရေးတပ်က ပစ်မှတ်တိကျတိုက်ခိုက်များ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ ပစ်မှတ်များတွင် အီရန်ဒုံးကျည်ထုတ်လုပ်ရေးအဆောက်အဦ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် အခင်းအကျင်း စသည့် စစ်ရေးအဆောက်အဦများ ပါဝင်ကြောင်း အစ္စရေးတပ်က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယင်းနေ့တွင်ပင် အီရန်စစ်တပ်ကလည်း...