Connect with us

Asia

အာဟာရချို့တဲ့နေသည့် ယီမင်ကလေးငယ်များ

ဆန်နာ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး David Gressly က ယီမင်နိုင်ငံသား ၅ သန်းသည် ဆိုးရွားသော သို့မဟုတ် ဆိုးရွားလုနီးပါး ငတ်မွတ်ခေါင်းပါးမှုဖြင့် ကြုံတွေ့နေရပြီး အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် ၄၀၀,၀၀၀ ခန့် မှာ အသက်အန္တရာယ်စိုးရိမ်စရာဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ ဆန်နာမြို့ရှိ Al-Sabeen ဆေးရုံ၏ ကုတင်တစ်ခုပေါ်တွင် အာဟာရချို့တဲ့မှုဒဏ် ခံစားနေရသော ကလေးငယ်တစ်ဦးအား အောက်တိုဘာ ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယီမင်နိုင်ငံ ဆန်နာမြို့ရှိ Al-Sabeen ဆေးရုံ၏ ကုတင်တစ်ခုပေါ်တွင် အာဟာရချို့တဲ့မှုဒဏ် ခံစားနေရသော ကလေးငယ်တစ်ဦးအား အောက်တိုဘာ ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယီမင်နိုင်ငံ ဆန်နာမြို့ရှိ Al-Sabeen ဆေးရုံ၏ ကုတင်တစ်ခုပေါ်တွင် အာဟာရချို့တဲ့မှုဒဏ် ခံစားနေရသော ကလေးငယ်တစ်ဦးအား အောက်တိုဘာ ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယီမင်နိုင်ငံ ဆန်နာမြို့ရှိ Al-Sabeen ဆေးရုံ၌ အောက်တိုဘာ ၁၂ ရက်တွင် ယီမင်အမျိုးသမီးတစ်ဦးက အာဟာရချို့တဲ့မှုဒဏ် ခံစားနေရသော ၎င်း၏ သားဖြစ်သူ လက်ကို ကိုင်ထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ယီမင်နိုင်ငံ ဆန်နာမြို့ရှိ Al-Sabeen ဆေးရုံ၌ အောက်တိုဘာ ၁၂ ရက်တွင် ဆရာဝန်တစ်ဦးက အာဟာရချို့တဲ့မှုဒဏ် ခံစားနေရသော ကလေးငယ်တစ်ဦး၏ လက်မောင်းလုံးပတ်အား တိုင်းတာနေစဉ်(ဆင်ဟွာ)

ယီမင်နိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းနီးပါးသည် အသက်ရှင်ရပ်တည်ရေးအတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေါ်တွင် အမှီပြုနေရသဖြင့် ကမ္ဘာ့ အဆိုးရွားဆုံး လူသားချင်းစာနာမှုအကျပ်အတည်းအဖြစ် ကုလသမဂ္ဂက ဖော်ပြထားသလို ကာလရှည်စစ်ပွဲ နှင့် စီးပွားရေး အဟန့်အတားများ ဖြစ်ပေါ်ခဲ့ရသော စစ်ဘေးသင့် ယီမင်နိုင်ငံအား အကူအညီများ တိုးပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား ညှိနှိုင်းရေးမှူး David Gressly က တောင်းဆိုလိုက်ကြောင်း သိရသည်။ (Xinhua)

———————————————
(English Version)
Mideast in Pictures: Malnourished Yemeni children
SANAA, Oct. 12 (Xinhua) — David Gressly, the UN humanitarian coordinator in Yemen, said on Monday that 5 million Yemenis are in “severe or nearly severe hunger” and about 400,000 children are at imminent risk of death from malnutrition.”
He called on the international community to increase aid to the war-torn country, where the years-long war and economic blockade have triggered what the UN describes as the world’s worst humanitarian crisis as nearly 80 percent of the Yemeni population rely on the international humanitarian aid for survival.
Photo 1 – A boy suffering from acute malnutrition lies on a bed inside the Al-Sabeen Hospital in Sanaa, Yemen on Oct. 12, 2021. (Photo by Mohammed Mohammed/Xinhua)
Photo 2 – A girl suffering from acute malnutrition lies on a bed inside the Al-Sabeen Hospital in Sanaa, Yemen on Oct. 12, 2021. (Photo by Mohammed Mohammed/Xinhua)
Photo 3 – A boy suffering from acute malnutrition sits on a bed inside the Al-Sabeen Hospital in Sanaa, Yemen on Oct. 12, 2021. (Photo by Mohammed Mohammed/Xinhua)
Photo 4 – A girl suffering from acute malnutrition lies on a bed inside the Al-Sabeen Hospital in Sanaa, Yemen on Oct. 12, 2021. (Photo by Mohammed Mohammed/Xinhua)
Photo 5 – A Yemeni woman holds the boney hand of her son, who is suffering from acute malnutrition, inside the Al-Sabeen Hospital in Sanaa, Yemen on Oct. 12, 2021. (Photo by Mohammed Mohammed/Xinhua)
Photo 6 – A doctor measures the arm girth of a malnourished girl inside the Al-Sabeen Hospital in Sanaa, Yemen on Oct. 12, 2021. (Photo by Mohammed Mohammed/Xinhua)■