Connect with us

News

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ယူနန်ပြည်နယ်အစိုးရကိုယ်စား ရန်ကုန်တိုင်းဒေသကြီးသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အပံ့ပစ္စည်းများ လှူဒါန်းလွှဲပြောင်းပေးအပ်စဉ် (ဆင်ဟွာ)

ရန်ကုန်၊နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့(နိုဝင်ဘာ ၁၆ ရက်)က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ယူနန်ပြည်နယ်အစိုးရကိုယ်စား ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို လွှဲပြောင်းပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

ယခုအကြိမ် လှူဒါန်းသောပစ္စည်းများတွင် အသက်ရှူစက်၊ PPE ၊ ပါးစပ်နှာခေါင်းစည်း၊ medical face shields၊ medical eye shieldsများအပါအဝင် တရုတ်ယွမ်ငွေ တန်ဖိုး သိန်း(၄၀)ရှိ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပါရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်စဉ်(ဆင်ဟွာ)

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယူနန်ပြည်နယ်အစိုးရ၏ လှူဒါန်းကူညီမှုအတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ယူနန်ပြည်နယ်နှင့်ရန်ကုန်တိုင်းသည် စီးပွားရေး၊လူမှုရေးကဏ္ဍများတွင် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိသလို ရန်ကုန်မြို့နှင့်ကူမင်းမြို့သည်လည်း ညီအမမြို့ဆက်ဆံရေးတည်ဆောက်ထားသည့် ပူးပေါင်းဆောင်ရွက်များရှိကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားသည့်အခါ ညီအမမြို့အဖြစ်တည်ဆောက်ထားသည့် ပြည်နယ်မှ ကူညီပေးသည့်အတွက် ကျေးဇူတင်ရှိကြောင်း၊ အိမ်နီးချင်းမိတ်ဆွေ၏ ကူညီလှူဒါန်းသည့်ပစ္စည်းများကို ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ၌ ပြည်သူများအတွက် လက်တွေ့အကျိုးရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျေးဇူးတင်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် နိုဝင်ဘာ ၁၄ ရက်ကလည်း မန္တလေးတိုင်းဒေသကြီးသို့လည်း အသက်ရှူစက်၊ PPE၊ ပါးစပ်နှာခေါင်းစည်းစသည်တို့အပါအဝင် တရုတ်ယွမ်ငွေတန်ဖိုး သိန်း(၄၀)ရှိသည့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အပံ့ပစ္စည်းများကို လှူဒါန်းလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇ သောင်းနီးပါးရှိပြီး ကပ်ရာဂါအခြေအနေ အဆိုးဝါးဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် အတည်ပြုလူနာ ဦးရေ ၅ သောင်းကျော်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားသည့်အချိန်မှစ၍ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့်အတူ နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ရာ ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့ကို မြန်မာနိုင်ငံသို့စေလွှတ်၍ Nucleic Acidဓါတ်ခွဲခန်းလုပ်ဆောင်မှုအပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးအကူအညီများကို အဆင့်ဆင့် အားဖြည့်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.