Connect with us

News

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်က ပေကျင်းမြို့တွင် ကျင်းပစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် သမ္မတရှီက လက်ရှိ ကမ္ဘာတွင် နှစ် ၁၀၀ တွင် မကြုံရဖူးသော ကြီးမားသည့်အပြောင်းအလဲနှင့် ကိုဗစ်ကပ်ရောဂါ ကမ္ဘာတစ်ဝန်းကူးစက်ပြန့်ပွားမှုများ ရောယှက်နေရာ အပြန်အလှန် သက်ရောက်မှုများရှိပြီး နိုင်ငံတကာအခင်းအကျင်းပြောင်းလဲမှု နက်နဲရှုပ်ထွေးပါကြောင်း၊ ခေတ်ကာလ၏မေးခွန်းကို မည်သို့ မှန်ကန်စွာ ဖြေဆိုကြမည်၊ ကမ္ဘာ့တစ်ဝန်းတူညီသည့်သဘောထားအမြင်များကို ကျယ်ကျယ်ပြန့်ပြန့်စုစည်းကြမည်မှာ သတင်းမီဒီယာသမားများ၏ပုခုံးထက်တွင်ရှိသည့် အရေးကြီး လူမှုတာဝန်ဖြစ်ကြောင်း အလေးထားဖော်ပြထားသည်။ ဆွေးနွေးပွဲသို့ တက်ရောက်ကြသော ဧည့်သည်တော်များသည် ဆွေးနွေးပွဲခေါင်းစဉ်အလိုက် နက်နဲစွာဆွေးနွေးကြ၍ တူညီသည့်သဘောထားအမြင်များ တိုးပွားလာစေရန် ဆောင်ရွက်ကြဖို့ မျှော်လင့်ကြောင်း၊ ပြည်သူနှင့်စိတ်ချင်းဆက်နွယ်သည့် ဆက်သွယ်သူ ၊လူမှုယဉ်ကျေးမှုဖလှယ်ရေး၏ မြှင့်တင်သူအဖြစ် ကြိုးပမ်းကာ လူသားမျိုးနွယ်တို့၏ ဘုံစံတန်ဖိုးများကို ရှေ့ဆောင်ကာ လူသားမျိုးနွယ်တို့၏အေးတူပူအမျှအသိုက်အဝန်းတည်ဆောက်ရန် ထမ်းဆောင်သင့်သည့် ဝတ္တရားများအား ထမ်းဆောင်ကြဖို့ တွန်းအားပေးဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲကို ယင်းနေ့က ပေကျင်းမြို့တွင် ဖွင့်လှစ်ခဲ့ရာ “ကပ်ရောဂါရိုက်ခတ်မှုအောက်က မီဒီယာဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ”ဟူသော ခေါင်းစဉ်ဖြင့် ဆင်ဟွာသတင်းဌာနက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………….
(Chinese Version)
(外事)习近平向第四届世界媒体峰会致贺信
2021-11-22 21:02:37
新华社北京11月22日电11月22日,国家主席习近平向第四届世界媒体峰会致贺信。
习近平强调,当前,世界百年未有之大变局和新冠肺炎疫情全球大流行相互交织、彼此影响,国际格局演变深刻复杂。如何正确回答时代课题,广泛凝聚世界共识,媒体肩负着重要社会责任。希望参会嘉宾围绕峰会主题深入探讨、增进共识,努力做民心相通的传播者、人文交流的促进者,为弘扬全人类共同价值、推动构建人类命运共同体作出应有贡献。
第四届世界媒体峰会当日在北京开幕,主题为“疫情冲击下的媒体发展战略”,由新华社主办。(完)
图说1:11月22日,第四届世界媒体峰会在北京举行。 新华社记者 李鑫 摄