Connect with us

News

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် အဆောက်အဦးပြိုကျမှုဖြစ်ပွား လူ ၁၁ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ၂၀၁၉ခုနှစ်၊ ဇူလိုင် ၁၇ ရက်တွင် အဆောက်အဦးတစ်ခုပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဓာတ်ပုံ- Str/Xinhua)

မွန်ဘိုင်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ဇွန် ၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းနေစဉ်အတွင်း ၃ ထပ်အဆောက်အဦးတစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ရာ ကလေး ၇ ဦးအပါအဝင် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လူအများစုသည်အပျက်အဆီးများအောက်တွင်ပိတ်မိနေပြီးရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အစိုးရဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းအဆောက်အဦသည် မွန်ဘိုင်းမြို့၊ Malad ဆင်ခြေဖုံးရှိ ဆင်းရဲသားရပ်ကွက်တစ်ခုမှ ဖြစ်ကြောင်းသိရသည်။ (Xinhua)

————————————
(English Version)
11 die after building collapses in India’s Mumbai
MUMBAI, June 10 (Xinhua) — At least 11 people, including seven children, died and seven were injured after a three-storey building collapsed in India’s Mumbai late Wednesday amid heavy rainfall.
More people are suspected to be trapped under the debris and the search operations is underway, an official from a civic body said.
The building was located in a slum pocket in Mumbai’s Malad suburb. Enditem
Photo-Rescue work is carried out at the site of a building collapse in Mumbai, India, July 17, 2019. (Str/Xinhua)