Connect with us

Politics & Security

တရုတ်-အာဆီယံ ဆက်ဆံရေး ပိုမိုရင့်ကျက်လာကြောင်း တရုတ်ဝန်ကြီးချုပ်ပြောကြား

၁၉ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်လာသည့် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်အားတွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ၁၉ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးဆွေးနွေးပွဲ နှင့် တရုတ်-အာဆီယံ ဆွေးနွေးဘက် ဆက်ဆံရေး ၂၅နှစ်ပြည့် အထိမ်းအမှတ်တို့အား စက်တင်ဘာလ ၇ ရက်တွင် ကျင်းပကြောင်း သိရသည်။

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် နှင့် အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံမှ ခေါင်းဆောင်များသည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြပြီး ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်နိုင်ငံ နှင့် အာဆီယံ နိုင်ငံများအကြား တွေ့ဆုံဆွေးနွေးမှု သည် ၂၅နှစ်ပြည့်ပြီးနောက် နှစ်ဖက်ဆက်ဆံရေး ပိုမိုရင့်ကျက်လာကြောင်း အစည်းအဝေး၌ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှုအများဆုံး မိတ်ဖက်နိုင်ငံတစ်ခုဖြစ်သလို အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်ကြောင်း သိရသည်။ ထို့အတူ အာဆီယံ သည်လည်း တရုတ်နိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် ၂၅နှစ်အတွင်း စီးပွားရေး နယ်ပယ်ကဏ္ဍများ အပါအဝင် နယ်ပယ်ကဏ္ဍအသီးသီး၌ တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများမှ သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း သိရသည်။ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လျိုကျန့်မင် က ပြည်သူအချင်းချင်း ဖလှယ်မှုများအား တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု ၏ မဏ္ဍိုင်သစ်တစ်ခု အဖြစ် ရှုမြင်သင့်ကြောင်း ပြောကြားခဲ့သည်။
အာဆီယံ သည် ၎င်း၏ ၂၈ကြိမ် နှင့် ၂၉ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲအား စက်တင်ဘာ ၆ရက်တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးပွဲများနှင့်အတူ ASEAN+1 ထိပ်သီးအစည်းအဝေး၊ ASEAN+3 (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား) ထိပ်သီးအစည်းအဝေး နှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများ အပါအဝင် ခေါင်းဆောင်ပိုင်း အစည်းအဝေးများအား စက်တင်ဘာ ၆ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.