Connect with us

Politics & Security

တရုတ်ဝန်ကြီးချုပ်လီခဲ့ချန် အရှေ့အာရှထိပ်သီးအစည်းအဝေးတက်ရောက်ရန် လာအိုနိုင်ငံသို့ရောက်ရှိ

အရှေ့အာရှထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်ဝန်ကြီးချုပ်လီခဲ့ချန် ဗီယန်ရှင်းမြို့သို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဗီယန်ကျင်း ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် အရှေ့အာရှထိပ်သီးအစည်းအဝေး တက်ရောက်ရန် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့စက်တင်ဘာလ ၆ ရက်က ရောက်ရှိလာကြောင်း သိရသည်။

ယင်းမှာ လီခဲ့ချန်၏ ပထမဆုံးအကြိမ် လာအိုနိုင်ငံသို့သွားရောက်လည်ပတ်သည့် ခရီးစဉ်တစ်ခုဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း လီသည် ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံ(၁ဝ+၁) ခေါင်းဆောင်များ၏ ဆွေးနွေးပွဲ နှင့် ၁၉ ကြိမ်မြောက် အာဆီယံ – တရုတ် ၊ ဂျပန် နှင့် တောင်ကိုးရီယား(၁ဝ+၃) ဆွေးနွေးပွဲများသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အရှေ့အာရှထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်ဝန်ကြီးချုပ်လီခဲ့ချန် ဗီယန်ရှင်းမြို့သို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဖွဲ့စည်းတည်ထောင်ခြင်း (၂၅ နှစ် ) မြောက် ဖြစ်သလို နှစ်ဖက်အကြား သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူးနိုင်ခဲ့သည့် အချိန်အခါသမယ ဖြစ်ကြောင်း ဗီယန်ကျင်းလေဆိပ်၌ လီက ပြောကြားခဲ့သည်။
ထို့ပြင် ယခုနှစ်သည် တရုတ်-လာအို သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း ၅၅ နှစ်မြောက် အချိန်အခါ နှင့်လည်း တိုက်ဆိုင်နေကြောင်း သိရသည်။ တရုတ်နိုင်ငံ နှင့် လာအိုနိုင်ငံတို့အကြား ခိုင်မာစွာ ရှိခဲ့ပြီးသော အစဉ်အလာကောင်း ဆက်ဆံရေး ၊ နှစ်ဖက် အပြန်အလှန်အကျိုးတူပူးပေါင်းဆောင်ရွက်မှု ၊ နှစ်နိုင်ငံ ပြည်သူအကြား ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန်ဆက်ဆံမှု များကို ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားပြီး အိမ်နီးချင်း ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လီက ဆိုသည်။
အဆိုပါ ခရီးစဉ်အတွင်း လီခဲ့ချန်သည် လာအိုနိုင်ငံဝန်ကြီးချုပ် Thongloun Sisoulith နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်များလက်မှတ်ရေးထိုးခြင်း ၊ နှစ်ဖက်ဘုံစိုးရိမ်ပူပန်နေသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းများပြုလုပ်ရန် မျှော်လင့်ထားကြောင်း သိရသည်၊(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.