Connect with us

Politics & Security

အာဆီယံ အနေဖြင့် မိတ်ဖက်များနှင့် ဆက်ဆံရေးအား ဗဟိုပြု မြှင့်တင်ရန် လိုအပ်ကြောင်း လာအို သမ္မတ ပြောကြား

လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ်က အာဆီယံ ထိပ်သီး အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) လမ်းကြောင်းအတိုင်း အာဆီယံ ပြင်ပ မိတ်ဖက်များနှင့် ဆက်ဆံရေးအား ဗဟိုပြု မြှင့်တင်ရန် လိုအပ်ကြောင်း လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ်က စက်တင်ဘာလ ၆ ရက်က ပြောကြားခဲ့သည်။

အာဆီယံသည် နိုင်ငံတကာ အသိုက်အဝန်းနှင့် အကြမ်းဖက်ခြင်းနှင့် အစွန်းရောက်ခြင်း၊ သဘာဝဘေး အန္တရာယ်၊ ရာသီဥတု ပြောင်းလဲမှုနှင့် ရွှေ့ပြောင်းသွားလာရေး အရေးအခင်းကဲ့သို့သော စိန်ခေါ်မှုများအား နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ပူးပေါင်း ကြံစည်ခြင်းများ တိုးမြှင့်သွားမည် ဖြစ်ကြောင်း အာဆီယံ ဥက္ကဋ္ဌလည်း ဖြစ်သူ လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ်က ပြောကြားခဲ့သည်။
လာအိုနိုင်ငံသည် ယခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သလို အာဆီယံ အသိုက်အဝန်း တည်ထောင်ခဲ့ပြီးနောက် ပထမဆုံး နှစ် အထိမ်းအမှတ်လည်း ဖြစ်သည်။ ငါးနှစ်ကြာ ကြိုးပမ်းအားထုတ်မှု နှင့်အတူ အာဆီယံသည် တစ်ခုတည်းသော ဈေးကွက် ဖြစ်လာခဲ့ပြီး ထုတ်ကုန် အခြေပြုကာ ၂၀၁၅ ခုနှစ်တွင် ပြည်တွင်း အသားတင် ထုတ်ကုန် အမေရိကန် ဒေါ်လာ ၂.၄၃ ထရီလီယံ ရှိခဲ့သဖြင့် ခြောက်ခုမြောက် ကမ္ဘာ့ အကြီးဆုံး စီးပွားရေး ဖြစ်ကြောင်း ဘွန်ညံက ပြောသည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ၂၈ ကြိမ်မြောက်နှင့် ၂၉ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးများအား လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ စက်တင်ဘာလ ၆ ရက်တွင် “အင်အား ပြည့်ဝသော အာဆီယံ အသိုက်အဝန်းအတွက် အမှန်တကယ် မျှော်မှန်းကြစို့” ဟူသော ရည်မှန်းချက်ဖြင့် ကျင်းပနေခြင်း ဖြစသည်။
တက်ရောက်လာကြသည့် ခေါင်းဆောင်များ၏ ဆက်စပ် အစည်းအဝေးများ အနေဖြင့် ASEAN+1 ထိပ်သီး အစည်းအဝေး၊ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ၂၅ နှစ်မြောက် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး၊ ASEAN+3 (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား) ထိပ်သီး အစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး စသည်တို့အား စက်တင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့များ၌ ကျင်းပသွားရန်ရှိပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ဆွေးနွေးဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးသွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.