Connect with us

Politics & Security

တောင်တရုတ်ပင်လယ် အရေးကို နိုင်ငံရေး ဆွေးနွေးခြင်း နည်းလမ်းဖြင့်သာ အဖြေ ရှာနိုင်မည်ဟု စင်ကာပူ အခြေစိုက် ပညာရှင်ပြော

တောင်တရုတ်ပင်လယ် နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ ပညာရှင်များ ဆွေးနွေးပွဲ ၌ စင်ကာပူ အမျိုးသား တက္ကသိုလ်ရှိ အရှေ့အာရှ ဋ္ဌာန ဒါရိုက်တာ Zheng Yongnian က အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

စင်ကာပူ ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ဥပဒေများသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုကဲ့သို့ ရှုပ်ထွေးနေသည့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း စင်ကာပူ အမျိုးသားတက္ကသိုလ် (East Asian Institute at the National University of Singapore – NUS) ၏ အရှေ့အာရှရေးရာ ညွှန်ကြားရေးမှူး ပါမောက္ခ Zheng Yongnian က ပြောသည်။

“ အငြင်းပွားမှု ဖြစ်စဉ်မှာ ပါဝင်နေတဲ့ သက်ဆိုင်ရာ အစိုးရတွေရဲ့ နိုင်ငံရေး စိတ်အားထက်သန်မှုပေါ်မှာ အခြေခံပြီး ဆွေးနွေး ညှိနှိုင်းတဲ့ နည်းလမ်းနဲ့ပဲ အဖြေရှာလို့ရမှာပါ ” ဟု Zheng Yongnian က ပြောသည်။
၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်တွင် ပြုလုပ် ကျင်းပသည့် တောင်တရုတ်ပင်လယ် နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ ပညာရှင်များ ဆွေးနွေးပွဲ (Think Tank Seminar on South China Sea and Regional Cooperation and Development ) တွင် ပါမောက္ခ Zheng က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လ ၁၂ ရက်က စီရင်ချက် ချမှတ်ခဲ့သည့် ခုံရုံးမှာ ဖိလစ်ပိုင်နိုင်ငံ အကွီနို III အစိုးရ၏ တစ်ဖက်သက် တောင်းဆိုမှုဖြင့် ပေါ်ပေါက်လာခဲ့ရသည့် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်သော နိုင်ငံတကာ ယာယီခုံရုံး တစ်ခုသာ ဖြစ်သည်။
ယင်းကိစ္စအပေါ် ဥပဒေ ပညာရှင်များစွာက ဥပဒေဆိုင်ရာ အငြင်းပွားမှု ပြဿနာအဖြစ် ရိုးရှင်းစွာ မေးခွန်းထုတ်ခဲ့ကြပြီ ဖြစ်ကြောင်း ၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်အမြင်ဖြင့်သာ ကြည့်ရမည် ဖြစ်ကြောင်း နှင့် ဥပဒေသည် နိုင်ငံတကာ အငြင်းပွားမှု ပြဿနာများကို မည်သည့်အခါမှ အသက်ဝင် ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း Zheng က ဆိုသည်။
“ တောင်တရုတ်ပင်လယ် အရေးဟာ အရမ်းကို နက်နဲရှုပ်ထွေးတဲ့ အရေးကိစ္စတစ်ခု ဖြစ်လို့လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကို ပြန်သွားရမှာပါ ။ ဒါပေမယ့် ကုလသမဂ္ဂ ပင်လယ် ဥပဒေသဘောတူညီချက် (UNCLOS) ဟာ မျက်မှောက် ခေတ်မှာပဲ ငြိမ်သက်နေတယ်။ ကျွန်တော့် တစ်ဦးချင်း အမြင်ပြောရရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရှိနေတဲ့ ပြဿနာတွေကို မျက်မှောက်ခေတ် နိုင်ငံတကာ ဥပဒေနဲ့အဖြေရှာဖို့ဆိုတာကတော့ အများကြီးသံသယ ရှိပါတယ်” ဟု Zheng ဆိုသည်။
“ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေမှာ နိုင်ငံရေးအရ အဖြေရှာဖို့စိတ်ဆန္ဒမရှိဘူးဆိုရင် အဲဒီပြဿနာ တွေဟာ ရှင်းဖို့အရမ်းခက်ခဲပါတယ်” ဟု Zheng က ဆက်ပြောသည်။ ထို့ပြင် အနုညာတ စီရင်ဆုံးဖြတ်မှုသည် မည်သည့် ပြောင်းလဲမှု တစ်စုံတစ်ရာကိုမျှ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း Zheng က ဆိုသည်။ သို့သော် အရာအားလုံးကို သုညက ပြန် အစပြုရအောင် တွန်းပို့လိုက်ခြင်းသာ ဖြစ်မည်ဟု ၎င်းက ဆက်ပြောသည်။
“ ပူးတွဲလေ့လာ ဆန်းစစ်ရေးအဖွဲ့အမည် နဲ့အခြားတစ်ဖက်ကနေ လှည့်ပြီး တရုတ်နိုင်ငံက ပြန်လာနိုင်ပါတယ်” ဟု Zheng က ပြောသည်။ ထို့ပြင် အဆိုပါ ဆွေးနွေးပွဲသို့တက်ရောက်လာသော တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီသတင်း ပြန်ကြားရေးရုံး ဝန်ကြီး (ဟောင်း) Zhao Qizheng က တောင်တရုတ်ပင်လယ်၌ ချစ်ကြည်ရင်းနှီးမှု ၊ ပူးပေါင်း ဆောင်ရွက်မှု နှင့် တည်ငြိမ်အေးချမ်းမှုသာ ဖြစ်စေလိုကြောင်း ပြောကြားသည်။
“ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့တစ်ခုတည်းသော နည်းလမ်းက နိုင်ငံရေးအရ ဖြေရှင်းဖို့ပါပဲ။ တောင်တရုတ်ပင်လယ် တစ်ခုလုံး တည်ငြိမ် အေးချမ်းရေးအတွက် ကျွန်တော့်အနေနဲ့ ခိုင်ခိုင်မာမာ ယုံကြည်ချက် ရှိနေဆဲပါပဲ” ဟု Zheng က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.