Connect with us

Politics & Security

အာဆီယံ၊ တရုတ်၊ တောင်ကိုရီးယား နှင့် ဂျပန် တို့က ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်သွားရန် ကတိပြု

၁၉ကြိမ်မြောက် ASEAN+3 ထိပ်သီး အစည်းအဝေးပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် ၁၀နိုင်ငံ နှင့် တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ (ASEAN+3) တို့သည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အား အတူတကွ ပိုမိုလုပ်ဆောင်သွားရန် ကတိကဝတ်ပြုခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက်တွင်ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးပွဲ၌ ယင်းသို့ ကတိကဝတ်များ ထားရှိခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၈ ရက်နေ့ထုတ်ပြန်ချက်အရ နိုင်ငံ့ခေါင်းဆောင်များသည် ၂၀၁၅ခုနှစ်က နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂၀၃၀ခုနှစ် အစီအစဉ် နှင့် ၂၀၁၅ခုနှစ် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံမှထွက်ပေါ်လာသည့် ပါရီ သဘောတူညီချက် အား ပြီးမြောက်အောင် အကောင်အထည်ဖော်ရန် ထပ်မံ၍ ကတိကဝတ်ပြုခဲ့ကြကြောင်း သိရသည်။
ခေါင်းဆောင်များသည် ASEAN+3 ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအတွင်း နောက်ဆယ်စုနှစ်ကျော်အထိ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပန်းတိုင် (SDGs) ၁၇ ခု အား အတူတကွ ဖြည့်ဆည်း ဆောင်ရွက်သွားရန် သစ္စာပြုခဲ့ကြောင်း သိရသည်။
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပန်းတိုင်များ နှင့်ပတ်သက်၍ နိုင်ငံ့ခေါင်းဆောင်များသည် ဆင်းရဲမွဲတေမှု လျှော့ချခြင်း၊ နိုင်ငံများကြားနှင့် နိုင်ငံများအတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များအား ကျဉ်းမြောင်းလာအောင် ဆောင်ရွက်ခြင်း၊ အသေးစား နှင့် အလတ်စား လုပ်ငန်းရှင်များအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်လုပ်ဆောင်ခြင်း၊ ရေရှည်တည်တံသော ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ ယဉ်ကျေးမှု ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်းများ အစရှိသည်တို့ကို ထိရောက်စွာလုပ်ဆောင်ရန် ကတိကဝတ်ပြုခဲ့ကြောင်း သိရသည်။
အာဆီယံ (ASEAN) နိုင်ငံများသည် ကျဆင်းလာသည့် ကမ္ဘာ့စီးပွားရေး စနစ်ကို ကိုရှောင်ရှားရန် အာရှတိုက်ရှိ အခြားသော အဓိကစီးပွားရေးနိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆုံးဖြတ်ပြီးနောက် ၁၉၉၀ခုနှစ် နှောင်းပိုင်းကာလများတွင် ASEAN+1 နှင့် ASEAN+3 မူဘောင်များအား ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
မူဘောင်နှစ်ရပ်သည် အစပိုင်းကာလများတွင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထားခဲ့ပြီး မကြာသေးမီနှစ်များအတွင်း နိုင်ငံရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှု ဆိုင်ရာ နယ်ပယ်များအထိ တိုးချဲ့ခဲ့ကြောင်း သိရသည်။ ယနေ့ခေတ်တွင် ယင်းမူဘောင်များသည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေး နယ်ပယ်များတွင် ပိုမိုနက်ရှိုင်းအားကောင်းလာစေသော ယန္တရားအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.