Connect with us

Politics & Security

အနာဂတ်တွင် အာဆီယံ အသိုင်းအဝိုင်းနှင့် အနီးကပ်လက်တွဲ၍ အတူတကွ မျှဝေခံစားသွားမည်ဟု တရုတ်ကတိပြု

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် နှင့် အာဆီယံခေါင်းဆောင်များအား အတူတကွတွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ် – အာဆီယံ ဆက်ဆံရေး တည်ထောင်ခြင်း ၂၅ နှစ်မြောက် အခါသမယတွင် တရုတ်နိုင်ငံအနေဖြင့် အနာဂတ်တွင် အာဆီယံ အသိုင်းအဝိုင်း နှင့် အနီးကပ် လက်တွဲ၍ အတူတကွ မျှဝေခံစားသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က စက်တင်ဘာလ ၇ ရက်တွင် ကတိပြုပြောကြားလိုက်သည်။

“ ပြီးခဲ့တဲ့ ၂၅ နှစ်တာကာလအတွင်း တရုတ်-အာဆီယံဆက်ဆံရေးဟာ များစွာ တိုးတက်ခဲ့ပါတယ်။ လာမယ့် ၂၅ နှစ်မှာတော့ နှစ်ဖက်ဆက်ဆံရေးဟာ ပိုမိုရင့်ကျက် ခိုင်မာလာမှာဖြစ်သလို စိန် ခေါ်မှုအသစ်တွေ နဲ့အတူ အခွင့်အရေးအသစ်တွေလည်း ကြုံတွေ့ရမှာပါ” ဟု လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံ(၁ဝ+၁) ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က ပြောကြားသည်။
တရုတ်နိုင်ငံသည် အာဆီယံနှင့် ဆွေးနွေးဖက်ဆက်ဆံရေးကို ၁၉၉၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) နှင့် ပထမဆုံး ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့သည့် နိုင်ငံဖြစ်သလို အာဆီယံအဖွဲ့၏ မဟာဗျူဟာမြောက် မိတ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် နှင့် အာဆီယံခေါင်းဆောင်များအား အတူတကွတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် နှင့် အာဆီယံခေါင်းဆောင်များအား အတူတကွတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် နှင့် အာဆီယံခေါင်းဆောင်များအား အတူတကွတွေ့ရစဉ်(ဆင်ဟွာ)
ထို့ပြင် တရုတ်နိုင်ငံသည် အာဆီယံဒေသတွင်း၌ နျူကလီးယားကင်းစင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် ပထမဆုံး ထောက်ခံအားပေးခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သလို အာဆီယံနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်ခွင့်နယ်မြေ ( Free trade area) တည်ထောင်ရန် ပထမဆုံး ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့သော နိုင်ငံဖြစ်သည်။
“ ဒီအချက်တွေအားလုံးဟာ အာဆီယံနဲ့ဆက်ဆံရေး တိုးတက် ခိုင်မာအောင် ဆောင်ရွက်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းချက်တွေပါပဲ ။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမှာ ဦးဆောင်ဦးရွက်ပြုရမယ်ဆိုတဲ့ မျှော်မှန်းချက် နဲ့ နှစ်ဖက်စလုံးကလည်း ပြင်းပြတဲ့ ပူးပေါင်းဆောင်ရွက်လို စိတ်ရှိတာကို ပြသရာရောက်ပါတယ်’’ ဟု လီက ဆိုသည်။
ထို့ပြင် တရုတ်-အာဆီယံ ဆက်ဆံရေး ၂၅ နှစ် ပြည့်မြောက်ခဲ့ခြင်းကို လည်း ဝန်ကြီးချုပ် လီက ချီးကျူးဂုဏ်ပြုခဲ့သည်။
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဖက်အပြန်အလှန် လေးစားရန် ၊ အဓိကစိုးရိမ်မကင်းဖြစ်နေသော အရေးကိစ္စရပ်များကို နှစ်ဖက်စလုံး ထည့်သွင်းစဉ်စားရန် ၊ စိန်ခေါ်မှုများ နှင့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းသွားရန် ၊ အပြန်အလှန်ကုန်သွယ်မှု ဆက်ဆံရေးတည်ဆောက်ရန် ၊ အငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေးအဖြေရှာရေး နှင့် အားလုံးပါဝင်လက်ခံနိုင်သည့် စည်းမျဉ်းစည်းကမ်းများပြဌာန်းရန် ၊ နှစ်ဖက်အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာဖြင့် ရှေ့ဆက်၍ အနာဂတ်ကို အတူတကွ ဆက်လက်ချီတက်သွားကြရန် တရုတ်ဝန်ကြီးချုပ်လီက တိုက်တွန်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.