Connect with us

Politics & Security

ASEAN+3 ၏ မူဘောင်များအတွင်း လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် တရုတ်ဝန်ကြီးချုပ်ပြောကြား

တရုတ်ဝန်ကြီးချုပ်လီခဲ့ချန် ၁၉ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ စက်တင်ဘာ ၈ရက် (ဆင်ဟွာ)

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် က ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုများအား ကာကွယ်စောင့်ရှောက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ တို့ ကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

လီက ၁၉ကြိမ်မြောက် ASEAN+3 (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့ အာဆီယံ ခေါင်းဆောင်များအပါအဝင် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်(Li Keqiang)၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe)၊ တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး (Park Geun-hye) တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
၂၀၁၇ခုနှစ်တွင် ASEAN+3 အဖွဲ့အစည်း စတင်တည်ထောင်ခြင်း နှစ် ၂၀ပြည့်မည်ဖြစ်ကာ လီ က ဒေသတွင်း ပေါင်းစည်းမှု၏ အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် အဖွဲ့၏ ပါဝင်မှုများကို ခိုင်မာလာစေရန်အတွက် ASEAN+3 အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သည့် အဆိုပြုချက် ၆ချက် တင်သွင်းခဲ့ကြောင်း သိရသည်။
လီက အာဆီယံနှင့် ဆက်စပ်နေသည့် နိုင်ငံများသည် ငွေကြေးလုံခြုံမှု ပူးပေါင်းဆောင်ရွက်ခြင်းများ၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ခြင်း နှင့် နှင့် ဆင်းရဲမွဲတေမှု လျှော့ချခြင်း ၊ အချင်းချင်းချိတ်ဆက်မှုများ အဆင့်မြှင့်တင်ခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆန်းသစ်တီထွင်ခြင်း နှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများ ပိုမိုလုပ်ဆောင်ခြင်းကို အားကောင်းလာစေရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သည် အရှေ့အာရှ ရှိ စီပွားရေးဆိုင်ရာ ပေါင်းစည်းညီညွတ်မှုများ ပိုမိုမြှင့်တင်ရန် ပို့ဆောင်ထောက်ပံ့မှုလုပ်ငန်းများ နှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ကို တည်ဆောက်ခြင်း အစရှိသည့် နယ်ပယ်ကဏ္ဍများတွင် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ တို့နှင့်အတူ လက်တွဲလုပ်ဆောင်ကာ အာဆီယံ နိုင်ငံများအတွက် အထောက်အပံ့များပေးသွားမည်ဖြစ်ကြောင်း လီက မှတ်ချက်ပေးပြောကြားခဲ့သည်။
တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်သည် ၁၉ကြိမ်မြောက် တရုတ်-ASEAN (10+1) ခေါင်းဆောင်များအစည်းအဝေး၊ ၁၉ကြိမ်မြောက် ASEAN-တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယား (10+3) ခေါင်းဆောင်များ အစည်းအဝေးနှင့် ၁၁ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲများ တက်ရောက်ရန် ဗီယင်ကျန်းမြို့သို့ စက်တင်ဘာ ၆ ရက်က ရောက်ရှိလာခဲ့သည်။ လီသည် ဗီယင်ကျန်းမြို့၌နေထိုင်စဉ်အတွင်း လာအိုနိုင်ငံသို့ တရားဝင် ခရီးစဉ် အဖြစ် လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.