Connect with us

Social & Culture

ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်မည့်လုပ်သားများအနေဖြင့် ထိုင်းအေဂျင်စီများအား ဝန်ဆောင်ခအဖြစ် ဘတ် ၁၀,၀၀၀ ကို ပေးစရာမလိုတော့ကြောင်းဆို

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်မည့် လုပ်သားများအနေဖြင့် ထိုင်းအေဂျင်စီများအား ဝန်ဆောင်ခအဖြစ် ပေးချေရသော ဘတ် ၁၀,၀၀၀ ကို ပေးစရာမလိုတော့ဘဲ ဆေးစစ်ခ၊ အလုပ်သမား မှတ်ပုံတင် လျှောက်ခ နှင့် ဗီဇာ လျှောက်ထားခ တို့ကိုသာ ပေးဆောင်ရမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်လိုသော လုပ်သားများအနေဖြင့် ပြည်တွင်း အေဂျင်စီများအား ဝန်ဆောင်ခ မြန်မာငွေကျပ် တစ်သိန်းခွဲ ပေးရသည့်အပြင် ထိုင်းနိုင်ငံမှ အေဂျင်စီကိုလည်း ထိုင်းဘတ်ငွေ ၁၀,၀၀၀ ပေးချေရသဖြင့် ကုန်ကျစရိတ်များပြားလျက်ရှိ ရာ ယင်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် ရန်ကုန်မြို့ ၌ကျင်းပခဲ့သော ရွှေ့ပြောင်းလုပ်သားများအရေး ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးပွဲ၌ ထိုင်းအေဂျင်စီသို့ ပေးချေရမည့် ဘတ် ၁၀,၀၀၀ ကို ပေးချေရန်မလိုတော့ဟု သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဆေးစစ်ခ၊ အလုပ် သမားမှတ်ပုံတင်ခနှင့်ဗီဇာကြေးတစ် နှစ်စာအတွက် ထိုင်းဘတ်ငွေ ၃၉၀၀ ခန့်သာပေးရမည် ဟု ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်လျက်ရှိသောတရားဝင်လိုင်စင်ရ အေဂျင်စီများအား အကြောင်းကြားထားကြောင်းသိရသည်။ ပြည်ပနိုင်ငံများသို့လုပ် သားများစေလွှတ်ရာတွင် နှစ်နိုင်ငံ အစိုးရသဘောတူညီမှုဖြင့် လုပ်သား စေလွှတ်သောနိုင်ငံများ၌ ထိုင်းနိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံများသို့သာ စေလွှတ်မှုပိုမိုများပြားကာ ထိုင်းနိုင်ငံ သို့ လုပ်သားစေလွှတ်မှုသည် အများဆုံးဖြစ်ကြောင်း ၎င်း တာဝန်ရှိသူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.