Connect with us

Social & Culture

“ရာသီဥတုပြောင်းလဲမှု နှင့် လိုက်လျောညီထွေဖြစ်စေမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အသိပညာ ၊ ကျွမ်းကျင်မှု နှင့် ပြိုင်ဆိုင်နိုင်မှုများ တိုးတက်မြင့်မားစေရေး အာဆီယံဖိုရမ်” ကျင်းပမည်

“ရာသီဥတုပြောင်းလဲမှု နှင့် လိုက်လျောညီထွေဖြစ်စေမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်သူ အားလုံး၏ အသိပညာ ၊ ကျွမ်းကျင်မှု နှင့် ပြိုင်ဆိုင်နိုင်မှုများ တိုးတက်မြင့်မားစေရေး အာဆီယံဖိုရမ်” ကျင်းပပြုလုပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (ဓာတ်ပုံ-မွေးမြူရေး၊ ရေလုပ်ငန်း နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

“ရာသီဥတုပြောင်းလဲမှု နှင့် လိုက်လျောညီထွေဖြစ်စေမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်သူ အားလုံး၏ အသိပညာ ၊ ကျွမ်းကျင်မှု နှင့် ပြိုင်ဆိုင်နိုင်မှုများ တိုးတက်မြင့်မားစေရေး အာဆီယံဖိုရမ်” အား ၂၀၁၆ ခုနှစ်၊ မတ်လ ၇ ရက် မှ ၉ ရက် နေ့အထိ နေပြည်တော်၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။

အာဆီယံဖိုရမ်တွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် အာဆီယံ နိုင်ငံ များရှိ ရာသီဥတု ပြောင်းလဲမှု ၊ အစားအစာ ဖူလုံရေး ၊ စိုက်ပျိုးရေး တို့နှင့်ဆက်စပ်သော တက္ကသိုလ် များမှ သင်ရိုး ညွှန်းတမ်း များအား ပြင်ဆင်ဖြည့်စွက်ရေးဆွဲမှုများ ပြုလုပ်ရာတွင် အထောက် အကူ ပြုနိုင်ရန် နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် များ တိုးတက်မြင့်မားလာစေရန် အတွေ့အကြုံနှင့် ဗဟုသုတများကို မျှဝေ ဖလှယ် သွားကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)