Connect with us

Business

ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဈေးကွက်အတွင်း တစ်ရက်လျှင် ရွှေပိသာချိန် ၅၀ အရောင်းအဝယ်ဖြစ်လျက်ရှိ

ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ခင်းကျင်းထားသည့် ရွှေထည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၏ ရွှေဈေးကွက်အတွင်း တစ်ရက်လျှင် ရွေပိန်သာချိန် ၅၀ ခန့် အရောင်းအဝယ် ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာ သို့ ယနေ့ဇန်နဝါရီ ၄ ရက်တွင် ပြောသည်။

“အခုကရွှေဆိုင်တွေလည်း အကုန်လုံးနီးပါး ပြန်ဖွင့်လာပြီ။ ဒါကြောင့် ရွှေပြန်ရောင်းသူတွေဆီကလည်း ရွှေပြန်ရတယ်။ ရွှေတွင်းတွေကလည်း ရွှေတွေ ထွက်လာပြီဆိုတော့ ဈေးကွက်ထဲ မှာ ရွှေကုန်ကြမ်း အလုံအလောက်ရှိနေပြီး နေ့စဉ် ရွှေပိသာချိန် ၅၀ လောက် အရောင်းအဝယ်ဖြစ်နေတယ်’’ ဟု ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်လောက်ကစတင်ပြီး ရွှေဈေးနှုန်း အတက်အကျ တည်ငြိမ်လာကြောင်း နှင့် ဈေးကွက် မှာ တဖြည်းဖြည်းပုံမှန် အနေအထားသို့ ပြန်ရောက်လာကြောင်း ၎င်းဆိုသည်။ လက်ရှိ အနေအထားအရ ရွှေဈေးအတက် အကျမှာ ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးပေါ်တွင်သာ မူတည်ကြောင်းသိရသည်။
“ကောလာဟလ သတင်းအမှား တွေကို ယုံကြည်ပြီး အရောင်းအဝယ်မလုပ်ကြဖို့လည်း ကျွန်တော်တို့ အသင်းအနေနဲ့ အသိပေးကြေညာထားပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ ကောလာဟလ ကြောင့် ရွှေကို အလုအယက်ဝယ်တာတော့ သိပ်မရှိတော့ပါဘူး’’ ဟု ၎င်းက ဆက်ပြောသည်။

ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် လက်ရှိ တွင် အခြားနှစ်များက အတိုင်း ရွှေအဝင်များ ပုံမှန် အတိုင်းရှိကြောင်း သိရသည်။ ဇန်နဝါရီ ၄ ရက်ညနေဘက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၈၀၆ ဒေါ်လာရှိပြီး၊ မြန်မာရွှေဈေးတစ်ကျပ်သားလျှင် ၁,၈၂၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေကြောင်းသိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117