Connect with us

Local

မူဆယ် စီးပွားရေးဇုန် စီမံကိန်းတစ်ခုလုံး၏ အခြေခံ အဆောက်အအုံတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီး၊ မကြာမီ အပိုင်းလိုက် ဖွင့်လှစ်မည်

မူဆယ် စီးပွားရေးဇုန်ပုံစံငယ်အား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကြည့်ရူ့နေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မူဆယ် စီးပွားရေးဇုန် စီမံကိန်းတစ်ခုလုံး၏ အခြေခံ အဆောက်အအုံ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီး မကြာမီ အပိုင်းလိုက်ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းထံမှ သိရသည်။

အဆိုပါ စီမံကိန်း၏ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးဆိုင်များ ၉၇ ရာခိုင်နှုန်း၊ ကျောက်မျက် ဈေးအကြမ်းထည်လုပ်ငန်း ၇၀ ရာခိုင်နှုန်းနှင့် ကြယ်သုံးပွင့် အဆင့်ရှိဟိုတယ် တည်ဆောက် ရေးလုပ်ငန်း ၄၈ ရာခိုင်နှုန်းတို့ ပြီးစီးလျက်ရှိသည်။

မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ ခွင့်ပြုမိန့်ဖြင့် ရှမ်းပြည်နယ် အစိုးရ နှင့် နယူးစတားလိုက် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက်က စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စီမံကိန်း ကိုမူဆယ်မြို့အနီးရွှေလီမြစ်ကမ်းနံဘေးရှိဧရိယာ (၂၉၄.၇၈၉) ဧက တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းဧရိယာ တစ်ခုလုံး၏ ၃၈. ၄၂ ရာခိုင်နှုန်း ကို အပန်းဖြေဥယျာဉ်များ၊ ကစားကွင်းများ ပါဝင်သည့် အများနှင့် သက်ဆိုင်သော ဧရိယာအဖြစ် သတ်မှတ် ၍ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ဗဟိုစီးပွားရေးဇုန် တစ်ခုချင်းအလိုက် အမြန်ပြီးစီးပြီး စနစ်တကျ ဖွင့်လှစ်နိုင်ရန် လိုအပ်ကြောင်း၊ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများ အနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးရေး ကို ပူးပေါင်း ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မူဆယ် စီးပွားရေးဇုန်ကို စစ်ဆေးစဉ် ပြောကြားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လာရှိုးမြို့တွင် ရောက်ရှိနေသည့် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒေါက်တာဝင်းမြင့်၊ ဒေါက်တာ အောင်မြတ်ဦးတို့သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်းကော်မတီနှင့် နယူးစတားလိုက် ဆောက်လုပ်ရေး ကုမ္ပဏီ လီမီတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေ သည့် မူဆယ်ဗဟိုစီးပွားရေး ဇုန်စီမံကိန်းအား ကြည့်ရှုကြစစ်ဆေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117