Connect with us

Local

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၁၀၀ ဦးရေ ကျော် ဖန်တီး ပေးနိုင်မည့် လုပ်ငန်း ၇ ခု ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - DICA)

ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၁၆၁ ဦး ဖန်တီး ပေးနိုင်မည့် လုပ်ငန်း ၇ ခုအား ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ခွင့်ပြုပေးခဲ့သည့် လုပ်ငန်း ၇ ခုမှာ ပန်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း ၊ ပလတ်စတစ် မိုလ်နှင့် ပလတ်စတစ် အစိတ်အပိုင်းများ (အပိုပစ္စည်း) ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ၊ ပလတ်စတစ် ပစ္စည်းအမျိုးမျိုး ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်း၊ floating storage unit for storage of LPG as transit point လုပ်ငန်း၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်း နှင့် hospitality and business management လုပ်ငန်း တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်း ၇ ခု၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၇၁ ဒသမ ၇၈၆) သန်းနှင့် ကျပ်သန်းပေါင်း (၂,၈၅၄ ဒသမ ၇၄) ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား မတ် ၁၅ ရက်တွင် ရန်ကုန်မြို ့၌ ပြုလုပ်ခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)