Connect with us

Local

ဘဏ္ဍာရေး ကဏ္ဍတွင် ပြည်သူအားလုံး ပါဝင်ဆောင်ရွက်မည့် လမ်းပြမြေပုံ (၂၀၁၄-၂၀၂၀) ကို ချမှတ်၍ ဆောင်ရွက်

မြန်မာ့စီးပွား ရေးတိုးတက်မှု အရှိန်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-M.O.I)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ဘဏ္ဍာရေး ကဏ္ဍတွင် ပြည်သူအားလုံး ပါဝင်ဆောင်ရွက်မည့် လမ်းပြမြေပုံ (၂၀၁၄-၂၀၂၀) ကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာ့စီးပွား ရေးတိုးတက်မှု အရှိန်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းကပြောသည်။

ယင်းတို့နှင့် ဆက်စပ်၍ အာမခံလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံပိုင် ဘဏ်များ အဆင့်မြှင့်တင် တည်ဆောက်ခြင်း ကဏ္ဍများကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ ကမ္ဘာအနှံ့တွင် မငြိမ်မသက် ဖြစ်မှုများ၊ စစ်ပွဲများ၊ စားနပ်ရိက္ခာ ပြတ်လပ်မှုများကြောင့် ပြည်သူများ အခက်အခဲများနှင့် ကြုံတွေ့လျက် ရှိရာ ကမ္ဘာ့မိတ်ဖက် အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်မှုသည် မဖြစ်မနေ လိုအပ်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ ယင်းလုပ်ငန်းစဉ်များတွင် မိတ်ဖက် အဖွဲ့အစည်း များက ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးပါရန် တိုက်တွန်း လိုကြောင်း ဆိုသည်။
နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိသော ကျေးလက်ဒေသ ပြည်သူများ အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ဦးစားပေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ ယင်းတို့အား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်ကြသော ကမ္ဘာ့ဘဏ်၊ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့၊ အာရှ ဖွံ့ဖြိုး ရေးဘဏ်၊ ကုလသမဂ္ဂ အရင်းအနှီး ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် USAID တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.