Connect with us

Local

အစိုးရသစ်၏ မူဝါဒပေါ် မူတည်မည့် ၂၀၁၆ မြန်မာ့ စီးပွားရေး

အစိုးရသစ် မူဝါဒများ အပေါ် မှီတည်၍ ပြောင်းလဲ လာနိုင်မည်ဟု ယူဆရသော မြန့်မာစီးပွားရေး လုပ်ငန်းများ (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

လာမည့် ၂၀၁၆ ခုနှစ်သည် အစိုးရသစ် တာဝန် လွှဲပြောင်းယူမည့် ကာလဖြစ်ပြီး အစိုးရသစ် အနေဖြင့် စီးပွားရေး မူဝါဒများအား စနစ်တကျ ချမှတ်နိုင်ပါက စီးပွားရေး ဦးမော့လာမည် ဖြစ်သလို ပြည်ပ ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမို ဝင်ရောက်နိုင်မည့် နှစ်ဟု ယူဆရကြောင်း စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ ဒေါ်လှမြင့်က ဆင်ဟွာကို ပြောသည်။

စီးပွားရေး ပညာရှင် ဦးကျော်ဝင်းက “ အခုတက်မယ့် အစိုးရသစ် အနေနဲ့ကလည်း ပြောင်းလဲမှုတွေ လုပ်မယ်ဆိုပြီး အနိုင်ရလာတာ ဖြစ်တယ်။ သူတို့ကလည်း ပြောင်းလဲမှုတွေ လုပ်ကြလိမ့်မယ်လို့ ယူဆရတယ်။ လာမယ့် ၂၀၁၆ ခရီး ဘယ်လောက် ရောက်မယ်ဆိုတာကတော့ အစိုးရသစ် သုံးမယ့် မဟာဗျူဟာတွေ၊ မူဝါဒတွေပေါ် မူတည် ပါလိမ့်မယ်’’ ဟု ဆင်ဟွာကို ပြောသည်။

အစိုးရသစ်၏ မူဝါဒပေါ်တည်မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၈ ရက်တွင် ပါတီစုံ ပါဝင်သည့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် အနိုင်ရသည့် ပါတီမှ အစိုးရသစ်သည် လာမည့် ၂၀၁၆ ခုနှစ်တွင် တာဝန် ယူရမည် ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သည် မတ်လ ၃၁ ရက်နေ့ အထိ တာဝန် ယူရမည် ဖြစ်ပြီး နောက်အစိုးရသစ်အား တာဝန် လွှဲပြောင်းပေးရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူ ဒေါက်တာစိုးထွန်းက “ ၂၀၁၆ မှာ အစိုးရသစ်က ပြောင်းမယ်ဆိုတော့ မူဝါဒအသစ်ပေါ့ ပြောင်းမယ်။ ၂၀၁၅ ထက် ပိုကောင်းမယ်လို့တော့ မှန်းရတယ်။ ဒါပေမယ့် အစိုးရသစ်က ဘယ်လို စီးပွားရေး စနစ်ကို ကျင့်သုံးမလဲ ၊ ဘယ်လို မူဝါဒတွေ ချမှတ်မလဲ ဆိုတာပေါ် တည်မှီသွားတာပေါ့’’ ဟု ဆင်ဟွာကို ပြောသည်။

စတော့မားကက် မတွင်ကျယ်နိုင်သေး၂၀၁၅ ခုနှစ်တွင် စတော့ ဈေးကွက် စတင် ခဲ့သော်လည်း ပြည်တွင်းမှ လူများ အနေဖြင့် ဘယ်ကုမ္ပဏီက မြတ်နိုင်တယ်ဆိုပြီး ရှယ်ယာဝယ်၍ ရင်းနှီးမြှုပ်နှံရန် အလားအလာ နည်းသေးကြောင်း ကမ္ဘောဇ ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုများနိုင်၂၀၁၆ တွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ၊ ပြည်ပမှ ရရှိမည့် အကူအညီ အထောက်အပံ့များ ပိုမို ရရှိနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တချို့မှ ထင်ကြေးပေးသည်။

ဒေါ်လာဈေး ပြန်ကျနိုင်ဒေါ်လာ ဈေးကွက်ကို စောင့်ကြည့် လေ့လာသူ ဦးစန်းဝင်းက “ဗဟိုဘဏ်က လွတ်လပ်တဲ့ အဖွဲ့ အစည်း တစ်ခုဖြစ်မယ်၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာရင်တော့ ဒေါ်လာဈေးက ကျသွားနိုင်တယ်။ ၁,၂၀၀ လောက်အထိ တော့ ကျသွားနိုင်တယ်။ ၁,၂၀၀ ထက်တော့ မကျနိုင်ဘူး။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ကတော့ အခု စောင့်ကြည့်နေတဲ့ သူတွေက အစိုးရသစ် လက်ထက်မှာ အများကြီး ဝင်လာနိုင်တယ်’’ ဟု ဆင်ဟွာကို ပြောသည်။

၂၀၁၅ တွင်တော့ သွင်းကုန်များသည့် အတွက် ဒေါ်လာ လိုအပ်ချက် တစ်ခုဖြစ်ခဲ့ကြောင်း ၊ ၂၀၁၅ တွင် မလိုအပ်သည့် အစိုးရ စီမံကိန်းများအား ရပ်တန့်ပါက သွင်းကုန် နည်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်ပါက ဈေးကွက် အတွင်း ဒေါ်လာ စီးဆင်းမှုများ များလာပါက ဒေါ်လာဈေးများ ပြန်လည် ကျဆင်းနိုင်ကြောင်း ကောင်းစံ ရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က ပြောသည်။
၂၀၁၆ အကုန်တွင် ရုပ်လုံးကြွနိုင်၂၀၁၆ နှစ်ဆန်းပိုင်းတွင်တော့ အစိုးရ အပြောင်းအလဲ နှင့် အစိုးရသစ် ပြောင်းခါစ အနေအထားတွင် စီးပွားရေး မှန်းရ ခက်နိုင်ပြီး ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင်တော့ စီးပွားရေး ပြောင်းလဲမှု ဖြစ်စဉ်များ ထင်သာမြင်သာ ရှိလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ စိုးထွန်းက “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လည်း ဝင်လာမယ်ဆိုရင်တော့ အိမ်ခြံမြေက ပြန်ကောင်းလာမယ့် အနေအထားမှာ ရှိတယ်။ လုပ်ငန်းတွေ ပြန်ကောင်းမယ်။ ဒေါ်လာတွေ တကယ် လည်ပတ်ဖို့ ဝင်လာမယ်။ အစိုးရကလည်း မှန်ကန်တဲ့ စီမံကိန်းတွေပဲ လုပ်ပြီး မလိုအပ်တဲ့ စီမံကိန်းတွေကို လျှော့ချမယ် ဆိုရင်တော့ ဘတ်ဂျက်လိုငွေလျှော့ပြီး ကောင်းမွန်လာမယ်လို့ မြင်ပါတယ်’’ ဟု ပြောသည်။ (Xinhua)