Connect with us

Local

ကျောက်ဖြူ အထူး စီးပွားရေးဇုန်၌ တင်ဒါ အောင်ထားသည့် တရုတ်ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်မည့် ကုမ္ပဏီအား ဧပြီလကုန်တွင်ရွေးချယ်မည်

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စက်မှုဇုန်စီမံကိန်းလျာထားပုံစံအားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ဧပြီ၁၀ရက်(ဆင်ဟွာ)

ကျောက်ဖြူ အထူး စီးပွားရေးဇုန်၌ တင်ဒါ အောင်ထားသည့် တရုတ်ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်ရန် တင်ပြထားသည့် မြန်မာကုမ္ပဏီ ၁၉ ခုအား သုံးသပ်နေပြီးဧပြီလကုန်ပိုင်းတွင် ရွေးချယ် ကမ်းလှမ်းသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တရုတ် အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုနှင့် ပူးတွဲ လုပ်ဆောင်ရန် မြန်မာနိုင်ငံဘက်မှ ကုမ္ပဏီများအား ၂ဝ၁၆ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား၍ တင်ပြရန် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန် ကြေညာခဲ့ပြီး တင်ပြလာသည့် ကုမ္ပဏီ ၁၉ ခု၏ ငွေကြေး တောင့်တင်းမှု၊ လုပ်ငန်း အတွေ့အကြုံနှင့် တိုင်းရင်းသား ကုမ္ပဏီ ဟုတ်၊ မဟုတ်တို့ကို အဓိက စစ်ဆေးနေကြောင်း သိရသည်။
ကျောက်ဖြူ အထူး စီးပွားရေးဇုန်တွင် စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ရန် ကုမ္ပဏီ ခြောက်ခုဖြင့် ဖွဲ့စည်းထားသော တရုတ် အစိုးရပိုင် CITIC Consortium က တင်ဒါ အောင်မြင်ကြောင်း ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး CITIC Consortium သည် စီမံကိန်း နှစ်ခုစလုံး အတွက် အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ စီမံကိန်း ဧရိယာ ဧက ၄၂ဝဝ ကျော် အသုံးပြုမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ စီမံကိန်း၏ ချေးငွေသည် အတိုး မဆပ်နိုင်ပါက လုပ်ငန်းပါ သိမ်းယူနိုင်သည့် ချေးငွေ ပုံစံဖြစ်ပြီး လုပ်ငန်းအမြတ်မှာ နှစ် ၄ဝ ကျော်မှ ရရှိမည်ဖြစ်ကာ အထူး စီးပွားရေးဇုန် နည်းဥပဒေ၌ တင်ဒါအောင်မြင်ပြီး ကုမ္ပဏီနှင့် ခြောက်လအတွင်း သဘောတူညီချက် စာချုပ် ချုပ်ဆိုနိုင် ကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.