Connect with us

Local

ကျောက်မျက် ရတနာ နှစ်ထပ်ဈေးသစ်ကြီး၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဖွင့်လှစ်မည်

ကျောက်မျက် ရတနာ နှစ်ထပ်ဈေးသစ်ကြီး ပုံစံငယ်အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ဆင်ရွာ မြင်းမှူးဒေသ မန္တလေးမြို့အဝင် မန္တလေး-ရန်ကုန် အမြန် လမ်းမကြီးနှင့် မြစ်ငယ်-စစ်ကိုင်းလမ်းတို့ ဆုံရာနေရာ၌ တည်ဆောက်နေသော ကျောက်စိမ်းနှင့် တွင်းထွက် ကျောက်မျက်ရတနာ ခေတ်မီ နှစ်ထပ် ဈေးသစ်ကြီးကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ ဈေးဆောက်လုပ်ရေး ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ကျောက်စိမ်းနှင့် တွင်းထွက် ကျောက်မျက် ရတနာ ခေတ်မီ နှစ်ထပ် ဈေးသစ်ကြီးကို ကျောက်စိမ်း စေတီတော် မြတ်ကြီး၏ အနီးရှိ မြေ ၃၄.၅၈ ဧကပေါ်တွင် အဆောက်အအုံ ဧရိယာ ပေ ၁.၄၅ သန်း အကျယ်ရှိသော မြေ၌ တည်ဆောက်နေပြီး ၁၂ ပေ ပတ်လည် ဆိုင်ခန်းများ၊ (၁ဝx၁၂) ပေ ဆိုင်ခန်းများ၊ (၈x၁၂) ပေ ဆိုင်ခန်းများ ဝယ်ယူရန် အဆိုပြု စလစ်ပြား ပိုင်ရှင်များသည် ဒီဇင်ဘာလ ၃ ရက်မှ ၂၄ ရက်အထိ နောက်ဆုံးထား၍ သတ်မှတ်ငွေများ ပေးသွင်းရမည် ဖြစ်သည်။

ယင်း ကြိုတင်ငွေ ပေးသွင်းပြီး သူများ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၉ နာရီတွင် ဈေးဆိုင်ခန်းများကို မဲနှိုက် နေရာ ချထားပေးမည် ဖြစ်ပြီး ဆိုင်ခန်း ဝယ်ယူရန် အဆိုပြု ကတ်ပြားပိုင်ရှင်များ အနေဖြင့် ဒီဇင်ဘာလ ၂၄ ရက်ထိ ငွေပေးသွင်းမှု မရှိခဲ့ပါက ဆိုင်ခန်း ဝယ်ယူခွင့် ပျက်ပြယ်သွားမည် ဖြစ်ကြောင်း အဆိုပါ ဈေးဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ ကျောက်မျက် ရောင်းချခြင်းနှင့် ပတ်သက်သည့် စိတ်ဝင်စားသူ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီး ဈေးဆိုင် ခန်းဝယ်ယူလိုသူများ စတင် စာရင်း ပေးသွင်းနိုင်မည် ဖြစ်သည်။

ဆိုင်ခန်း ဝယ်ယူရန် စာရင်း ပေးသွင်းပြီး ကြိုတင်ငွေ ပေးသွင်းသူများကို မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့မှ သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ဦးရာလူ စနစ်ဖြင့် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၉ နာရီတွင် ရောင်းချ ပေးသွားမည် ဖြစ်သည်။ (Xinhua)