Connect with us

Local

စီးပွားရေးတိုးတက်မှုများအတွက် အထူး စီးပွားရေးဇုန်များ အခန်းကဏ္ဍ ပိုမိုအရေးပါဟု ဒုတိယ သမ္မတဆို

မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

နိုင်ငံ၏ စီးပွားရေးတိုးတက်ရန် ကိုယ့်ကိုယ်ကို အားကိုးရမည်ဖြစ်သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမရှိဘဲ လိုအပ်သော စီးပွားရေးတိုးတက်မှုများ မရနိုင်သည့်အတွက် အထူးစီးပွားရေးဇုန်များ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါ ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

အထူးစီးပွားရေးဇုန်များကို တည်ဆောက်လည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန် သည် လုပ်ငန်းများ စတင်လည်ပတ်နေကြောင်း ကုန်ပစ္စည်းများ ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့နေ၍ အောင်မြင်သည့် အထူးစီးပွားရေးဇုန် တစ်ခုလည်း ဖြစ်ပါကြောင်း ၎င်းကဆိုသည်။

အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်းဖြင့် ဇုန်တည်ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ပြီး လူသားအရင်းအမြစ်များ၊ ပညာရပ်ပိုင်း ဆိုင်ရာ အသက်မွေးဝမ်းကြောင်း ပညာရပ်များလည်း ရရှိ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ဒုတိယ သမ္မတက ပြောသည်။

နိုင်ငံတော်၏ စီးပွားရေး မူဝါဒမျှော်မှန်းချက်သည် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေရန် ဖြစ်ပါကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ် ရေးကို အထောက်အကူရရှိအောင် ဦးတည်ပြီး သဘာဝသယံဇာတ အရင်းအမြစ်များ ရေရှည်ထိန်းသိမ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား မျှတမှန်ကန်စွာ ခွဲဝေအသုံးချ နိုင်မည့် စီးပွားရေးမူဘောင် ချမှတ်ဆောင်ရွက်သွားရန် ရှိပါကြောင်း ဦးဟင်နရီဗန်ထီးယူက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.