Connect with us

Local

မြန်မာ့ ဆိပ်ကမ်းရှိ ကားများ လေလံတင်ရောင်းချမည်

သီလ၀ါဆိပ်ကမ်းတွင်း ပြည်ပမှ တင်သွင်းလာသော ကားများအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ပြည်ပမှ တင်သွင်းလာပြီး နှစ်လအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ကားများအား လေလံတင်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။

အဆိုပါ ဆိပ်ကမ်းများရှိ လာရောက်ထုတ်ယူခြင်းမရှိသော ကားများအား နှစ်စဉ်လေလံတင်လေ့ရှိပြီး ၂၀၁၇ခုနှစ်အတွက် ပထမဆုံးအကြိမ် ကား ၂၀၀၀ကျော် လေလံတင်မည်ဖြစ်ကြောင်း သိရသည်။

ဆိပ်ကမ်းရှိ လာရောက်ထုတ်ယူခြင်းမရှိသော ကားအများစုသည် တင်သွင်းလာသော မော်ဒယ်များ ကွဲလွဲနေခြင်း၊ အရောင်းစင်တာများပိတ်သိမ်းလိုက်သဖြင့် လာရောက်ထုတ်ယူသူမရှိခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်း များသို့ ရောက်ရှိပြီး မော်တော်ယာဉ် များကို ရက်ပေါင်း ၆ဝ ထားခွင့်ရှိကာ ရက်ပေါင်း ၆ဝ ကျော်ပါက လေလံတင် ရောင်းချမည့် စာရင်းအတွင်း ထည့်သွင်း သတ်မှတ် သွားမည်ဖြစ်သည်။ ထို့ပြင် တစ်နှစ် ကျော်လွန်သည် အထိ လာရောက် ထုတ်ယူခြင်း မရှိဘဲ ဆိပ်ကမ်း၌ ထိန်းသိမ်း ထားရသော မော်တော်ယာဉ် များကို ပိုင်ရှင် ဖြစ်သူက စွန့်လွှတ်ပြီး ဖြစ်သည်ဟု ယူဆကာ နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ မော်တော်ယာဉ်တင် သင်္ဘောများ ဆိုက်ကပ်ခွင့် ရသည့် ဆိပ်ကမ်းများ အနေဖြင့် မြန်မာ အပြည်ပြည် ဆိုင်ရာ သီလဝါဆိပ်ကမ်း၊ အမှတ် (၄) သီလဝါဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ အေးရှားဝေါ ကုန်သေတ္တာ စစ်ဆေးရေး စခန်းနှင့် ထီးတန်း ဆိပ်ကမ်းဟူ၍ ဆိပ်ကမ်း ၇ ခုရှိပြီး အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း နှင့် အမှတ်(၄) သီလဝါ ဆိပ်ကမ်းတို့မှာ မော်တော်ယာဉ်တင် သင်္ဘော ဝင်ရောက်မှု အများဆုံးဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.