Connect with us

Local

နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ ကုန်သွယ်မှု ပမာဏမှာ ယခင်နှစ် အလားတူ ကာလထက် ကန်ဒေါ်လာ ၁၉ သန်းခန့် လျော့ကျ

မြန်မာ-ထိုင်း နယ်စပ်ဂိတ်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ယခုဘဏ္ဍာနှစ် ပထမ ၄ လကျော် ကာလအတွင်း ကုန်သွယ်မှု ပမာဏ သည် အလားတူကာလ ယခင်နှစ် ကုန်သွယ်မှု ပမာဏထက် လျော့ကျမှု ရှိနေကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိန်းဂဏန်းများ အရ သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ သြဂုတ်လ ၁၂ ရက် အထိ နယ်စပ် စခန်းများ အလိုက် ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာသန်း ၂၄၄၁.၅၆၂ ရှိခဲ့ရာ ယခင်နှစ် အလားတူ ကာလတွင် ဒေါ်လာသန်း ၂၄၆၀.၅၂၂ ရှိခဲ့သဖြင့် ဒေါ်လာသန်း ၁၈.၉၆၀ ကုန်သွယ်မှု လျော့ကျခဲ့ကြောင်း သိရသည်။
နယ်စပ် စခန်းများ အလိုက် ပို့ကုန် ၊ သွင်းကုန် အခြေအနေမှာ ယခင်နှစ် အလားတူကာလ နှိုင်းယှဉ်ချက် အရ ပို့ကုန် တန်ဖိုး လျော့ကျခဲ့ပြီး သွင်းကုန် တန်ဖိုး တိုးနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.