Connect with us

Local

တရားမဝင် ကုန်သွယ်ရေး တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ အား ဖျက်သိမ်း

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ကုန်သေတ္တာ သိုလှောင်ရေး စခန်းတခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

တရားမဝင် ကုန်သွယ်ရေး တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီအား ဖျက်သိမ်းလိုက်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာကို ယနေ့ အတည်ပြု ပြောကြားသည်။

တရားမဝင် ကုန်သွယ်ရေး တားဆီး ထိန်းချုပ်ရေး ဗဟို ကော်မတီအား ဖျက်သိမ်း လိုက်ကြောင်း ထုတ်ပြန်ချက် ကို နိုင်ငံတော် သမ္မတရုံးး၏ ၃၀.၁၂.၂၀၁၅ ပါရက်စွဲ အမိန့် ကြော်ငြာစာ အမှတ် ၇၉/၂၀၁၅ ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတ၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၉၇/၂၀၁၂) ဖြင့် ဖွဲ့စည်းခဲ့သော တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် မှ စတင်၍ ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ပါ၍ Mobile Team အားလုံး၏ ဆောင်ရွက်မှု လုပ်ငန်းများအား ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ ၃၀ ရက် ညနေ ၄ နာရီမှ စတင် ရပ်စဲ၍ Mobile Team အားလုံး ဖျက်သိမ်းမည် ဖြစ်ကြောင်း ကြေညာချက် ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.